honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Thursday, September 29, 2011

koala



Koala ဆိုတာ ချစ်စရာကောင်းတဲ့ နူးညံ့တဲ့အမွေးနုနုလေးတွေရှိတဲ့ ချစ်စရာကောင်းတဲ့ ၀က်ဝံတစ်မျိုးပါ ၊ သူတို့ ကို သြစတေးလျတိုက်တစ်ခုတည်းမှာ ပဲတွေ့နိင် ပါတယ် ။

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သြစတေးလျတိုက်ရဲ့ ဂုဏ်ထူးဆောင်ဖြစ်နေတဲ့သူဆိုရင်လည်းမမှားပါဘူး ။သြစတေးလျတိုက်ရဲ့အမှတ်တရလက်ဆောင်လေးတွေမှာ သူတို့ပုံလေးတွေကိုအများအားဖြင့်တွေ့နိင်တယ်လေ ။
Koala ၀က်ဝံလေးတွေရဲ့ ကိုယ်ဝန်ဆောင်ချိန် ကတော့ (၃၅ )ရက်လောက်သာကြာပါတယ်။
မွေးကင်းစ အကောင်ပေါက်လေးတွေမှာ အမွှေးမပါ သလို၊
မျက်စိလည်း မမြင်သေးပါဘူး .။
Koala လေးတွေဟာ မွေးကင်းစမှာ သကြားလုံးတစ်လုံးအရွယ် ။ ၁ လက်မ သာသာ ရှိပါတယ် ။အလေးချိန် အားဖြင့် ( ၀.၅ ) ဂရမ်သာ လေးပါသတဲ့ ။
ဝက်ဝံလေးတွေမေမေရဲ့ ဗိုက်မှာ သူ့သားပေါက်လေးတွေအတွက် အိပ်ငယ်လေးတစ်ခုပါပြီး ၊
နို့သီးခေါင်းလေးလဲပါတယ်လေ ။အကောင်ပေါက်လေးတွေက အဲဒီအိပ်ထဲမှာ (၇) လမှ (၉)လ အထိ လုံးဝအပြင်မထွက်ပဲနေလေ့ရှိကြတယ် ။

အသက်(၁)နှစ်သားအထိ မိခင်နို့တစ်မျိုးတည်းသာသောက်လေ့ရှိတယ် ။
အဲဒီနောက်တော့ သူ့မိခင်သွားလေရာကို ကုန်းပိုးစီးပြီးလိုက်ပါလေ့ရှိကြတယ် ။
မိခင်လုပ်သူက သူတို့ရဲ့ အဓိကအစားအစာဖြစ်တဲ့
ယူကလစ်ရွက်တွေနဲ့တစ်ခြားအရွက်တွေအကြောင်းကို လက်ချာပေးတာကို သင်ယူကြရတယ် ။သူတို့က မစားခင်မှာ သေသေချုာချာ နမ်းကြည့်လေ့ရှိကြတယ်။အဆိပ်ပါမပါ ကို အနံ့ခံရုံနဲ့သိကြတယ်ဆိုပဲ။
(တော်လိုက်တာနော် )
Koala အထီးလေးတွေ ဟာ သစ်ပင်တွေကို ကိုယ်ပိုင်စားကျက်အဖြစ် ရင်ဘက် ကထွက်တဲ့ အဆီတစ်မျိုးနဲ့ ပွတ်တိုက်ပြီးသတ်မှတ်လေ့ရှိကြပါတယ် ။
တစ်ကောင်နဲ့တစ်ကောင် အနံ့ချင်းမတူကြပါဘူး ၊၊
သတ်မှတ်ပြီးတာနဲ့ ကျယ်ကျယ်လောင်လောင် အသံပြုလေ့ရှိကြတယ်
(အဆင်ပြေရင်လက်ခုပ်သံတွေကြားချင်တယ် )
အဓိက အစားအစာဖြစ်တဲ့ ယူကလစ်ရွက်တွေဟာ ရေဓာတ် ( ၅၀ %) ပါဝင်တာကြောင့် ရေသောက်လေ့မရှိကြဘူး

တစ်နေကုန် အိပ်နေရင်း၊ ငိုက်မျဉ်းရင်းနဲ့ အချိန်ကုန်လေ့ရှိတယ် ။
ဆောင်းတွင်းဆိုရင် အစားပိုစားကြသတဲ့ ..
သစ်ပင်တစ်ပင်က နေ တစ်ပင် ခုန်ကူးပြီးသွားလေ့ရှိလို့ မြေပြင်ပေါ်ဆင်းခဲတယ် လေ .

သူတို့တွေဟာ ဘယ်သူကိုမှရန်မူလေ့မရှိလို့ အားလုံးကလည်း ချစ်ခင်ကြတယ် ။
ကမ္ဘာရှားပါးတိရစ္ဆာန် တွေထဲ ကတစ်မျိုးဖြစ်တဲ့ koala လေးတွေကို သြစတေးလျနိင်ငံသားအာလုံးက ဂရုတစိုက်ပြုစုစောင့်ရှောက်ရင်း… ဂုဏ်ယူနေကြပါတယ်
့ကဲ ဒီလောက်နဲ့တော်လိုက်တော့မယ်နော် ..နောက်လည်း အလျင်းးသင့်သလို..ပြောပြဦးမယ် ….

No comments:

Post a Comment