honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Thursday, September 29, 2011

လက်တို့ ပြီးတော့ ပြောရဦးမယ် ....(၂)


သူငယ်ချင်းတို့ ရေ ...........
ယဉ်ကျေးမှုမတိုးတက်သေးတဲ့ ဟိုးတစ်ချိန်က.......
ကျောက်ခေတ်ကပေါ့ ကွာ .........
လူတွေဟာ နေ့နဲ့ ည ၊ အလင်းနဲ့ အမှောင်ကိုသာ သိသေးတဲ့အချိန်၊
..........
ညမှောင်လာရင်ကြောက်ကြတယ် ၊ မနက်လင်းလာရင်ပျော်ရွှင်ကြတယ် ။
ဘာကြောင့်လည်းဆိုရင် အမှောင်ဟာ ကြောက်ရွံ့ ခြင်းကိုပေးပြီး ၊ အလင်းဟာ
ရဲ ဝံ့ ခြင်းနဲ့ သတ္တိ ကိုပေးလို့ ၊ လူတွေဟာ အလင်းရောင်ကိုမှီခိုအားထားရာက
အလင်းရောက်ကိုဖြစ်ပေါ်စေတဲ့ နေကို ကိုးကွယ်တဲ့ လူတွေ ပေါ်ပေါက်လာကြတယ်။

တစ်ချို့ လူတွေဟာ ညအမှောင်ထဲမှာ အမှောင်ဆန့်ကျင်ပြီး အလင်းရောင်ဖြစ်ပေါ်စေတဲ့ လမင်းကို  ကိုးကွယ်ကြတယ် ။

တစ်ချို့ သော လူတွေဟာ အဲဒီလိုပဲ  ကြယ်တွေကို ကိုးကွယ်ကြပြန်တယ် 
အဲဒီလို အားကိုးရာ အားကိုးရာ ကိုးကွယ်ရာက ဘာသာတရားဆိုတာ ဖြစ်ပေါ်လာပါတော့ တယ် ။

 မီးကို အသုံးပြု တတ်လာတဲ့ အခါမှာ တစ်ချို့ က မီးကို ကိုးကွယ်ကြပါတယ် ။
ဘာကြောင့် လည်းဆိုရင် ၊ မီး ဟာ သူတို့ ကို သားရဲ့ တိရိစ္ဆာ န်များရဲ့ ဘေးမှ ကာကွယ်ပေးသလို ၊ အမှောင်ကို ခွင်းပေးလို့ ပါပဲ ။

ဒီလိုနဲ့ ကျွန်တော်တို့ လူတွေစာ အပင်တွေ စိုက်ပိျုးစားသောက်တတ်တဲ့ အထိ
ဥာဏ်ရည်ဖွံ့ ဖြိုးလာလေတော့ ၊ ရေကြည်ရာ မျက်နုရာ ရှာဖွေစားသောက်လာကြတယ် ။ အဲဒီလို စိုက်ပျိုးစားသောက်ရာမှ ရေကြီးလို့
အပင်တွေ နစ်မြုတ်ပျက်စီးကြတာ ။ မိုးခေါင်လို့ အပင်တွေ စိုက်ပျိုးဖြစ်ထွန်းမှု မရှိတဲ့အခါတွေမှာ အငတ်ဘေးကို ရင်ဆိုင်ရတော့ တယ် ။
အဲဒီအခါ တစ်ချို့ လူတွေက ရေ ဟာ အားလုံးရဲ့ အရှင်သခင်ပဲ၊ သူမရှိရင် ငါတို့တွေ အသက်ရှင်ဖို့ ခက်မယ်ဆိုပြီး ၊ ရေ ကို ကိုးကွယ်ကြပါတော့ တယ် ။

အဲဒီလိုပါပဲ တစ်ချို့တွေဟာ မိုးကို ကိုးကွယ်ကြပါတော့ တယ် ။

ဒါတွေဟာ အသိဥာဏ်မဖွံ ဖြိုးသေးတဲ့ တစ်ချိန်ကဖြစ်ရပ်တွေပါ ။

ကျွန်တော်တို့ ငယ်ငယ်က မိုးချိန်သံ ကြားရင် ဒေဝေါကြီးလာပြီလို့
လူကြီးတွေက ခြောက်လှန့်လေ့ ရှိပါတယ် ။

တစ်ချိန်က ဒါကို မိုးနတ်မင်းက စိတ်ဆိုးပြီးအော်နေတာလို့
လူတွေ ကြောက်လန့် ခဲ့ ရပါတယ် ။

ကလေးတွေက ဒေဝေါကြီး လာပြီဆိုပြီး ကြောက်ခဲ့ ကြပါတယ် ။
ဒါဟာ မလုပ်သင့်တဲ့ ကိစ္စပါ ။ ကလေးတွေကို အမှန်အတိုင်းရှင်းပြသင့်ပါတယ်။
တစ်ချိန်လုံးအလိမ်ခံခဲ့ ရတဲ့ ကလေးတွေဟာ  အမှန်တရားကို စာဖတ်နိုင်တဲ့ အရွယ်ရောက်မှ နားလည်ကြရပါတယ်။ သူတို့ အတွက် အမှန်တရားဟာနောက်ကျခဲ့ ပါတယ် ။သူတို့ အမှန်ကိုသိလာရတဲ့ အချိန် လူကြီးတွေကို အယုံအကြည်ကင်းမဲ့ လာပါလိမ့် မယ် ။

 အခုတော့ လေထုထဲက လျှပ်စစ် အဖို နဲ့ အမ ကြောင့် ဖြစ်လာတဲ့ ကိစ္စ
ဆိုတာနားလည်နေကြပါပြီ ။
အခု ၂၁ ရာစုထဲရောက်လာပါပြီ ၊ သူတို့ ကို သူတို့  လူကြီးလို့ ပြောပြောနေတဲ့ လူကြီးတွေ ကျောက်ခေတ် ၊ ကြေးခေတ်က အယူအဆတွေနဲ့  အလိမ်ခံနေကြရတာ မျက်မြင်ပါ ။

တစ်နေကုန်တစ်နေခန်း ရှာလိုက်ရတဲ့  ပိုက်ဆံ  ........
မအိပ်ပဲ မနားပဲ .... ရှာလိုက်ရတာ ........
ပြီးတော့ ပြောလိုက်သေးတယ် ......
ဒါ ....... ကိုယ်တော်ကြီးပေးတာ......
ကိုကြီးကျော်မတာ ............... တဲ့ .....

အမှန်တကယ်ပဲ ..... သူတို့ ကိုးကွယ်တဲ့ နတ်တွေက
သူတို့ ရှာထားတဲ့ စည်းစိမ်တွေကို ခေါင်းပုံဖြတ်ပြီး ( မ )
နေတာပါ ............သူတို့ တွေ ....... ရာစုနှစ်ဟောင်းမှာပျော်နေကြလေရဲ့ ။

နောက်တစ်မျိုးအရူးထကြတာရှိသေးတယ် ......
အယ်ထရာစတောင်း  ရိုက်တော့ ဗိုက်ထဲက ကလေးက မိန်းကလေး
အဲဒါ ကို ဗေဒင်ဆရာက  ယောက်ျားလေးပြောလို့  ...... ကိုယ့် မျက်စိနဲ့
မြင်တာကို မယုံပဲ ၊ မမြင်ရတဲ့ သူများပြောတာ ကို ယုံကြတဲ့ သူတွေ
နိင် နိင်   တို့ ရန်ကုန်မှာအားကြီး ပဲ ၊

အဆိုးဆုံးက မွေးဖို့ ရက်တွေ အများကြီးလိုသေးတာကို
ဗေဒင်ဆရာက ပြောတဲ့ နေ့ ရက် အချိန်တွေ တိုက်ပြီး ဗိုက်ခွဲ မွေးကြတဲ့
ဥာဏ်ကြီးရှင်  မိဘများပါပဲ ။
ဆေးရုံက သူတို့ မွေး
ဖို့ ပြောတော့
ဆေးရုံကလက်မခံတော့ အပြင်ဆေးခန်းမှာသွားမွေးကြလေရဲ့ ။
ရလာတဲ့ အဖြေက ဆိုးဆိုးဝါးဝါးပါပဲ ။ကလေးက ရက်မပြည့် ပဲ မွေးတော့
ပေါင်မပြည့် ဘူး ၊ကျန်းမာရေးကလည်း ချုခြာ ၊အဲဒါကိုလည်း ...
ယောက်ျားလေးပြောပြီး မိန်းကလေးမွေးတာကို ဗေဒင်ဆရာမက နှာစေးနေတယ် ........
အဲဒါယောက်ျားရောမိန်းမပါ
ခေတ်ပညာတတ်တွေ ပါ ။ ၂ဘွဲ့ သုံးဘွဲ့  ယူထားတဲ့ ဟာတွေလေ

ဒီတော့ လက်တို့ ပြီးတော့ ပြောရဦးမယ် ...
အဲလို ဗေဒင်မျိုးတော့ နိုင်နိင် လည်း ကောင်းကောင်းဟောတတ်ပါတယ် ။
အဲဒီလို ကလေးမွေးတော့ မယ်ဆိုရင်ဖြင့် လာမေးကြပါဦင်္းလို့

No comments:

Post a Comment