ကန်ထဲမှာ ရေပြည့်နေသည်၊
သာသာယာယာ ရှိပါသည်၊
ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်၊
ကြာပန်းများလည်း ခူးကြမည်။
စာသင်ကျောင်းမှ စာဆိုသံများညီညာစွာလွင့်ပျံလာသည်။
ဒီအသံတွေကြားရတိုင်း ကြက်သီမွေးညင်းများထလာသည်အထိခံစားရသည် ။
ကလင်ကလင် ...ကလင် ကလင် ...
ဟော ...
ကျောင်းဆင်းပြီ ......
အပြေးအလွှားထွက်လာကြသော ကျွန်တော်နှင့်ရွယ်တူ ကောင်လေးကောင်မလေးများ ၊
စောင့်ကြိုနေကြသော ကျောင်းသားမိဘများ ... စသည် စသည် .. တို့သည်
ကျွန်တော့အတွက် နှစ်ခြိုက်မက်မောစွာစောင့်ကြည့်ရသော
အစီအစဉ်တစ်ခုဖြစ်လေသည် ။
သား ...
"ဒီနေ့ကျောင်းမှာ ဘာတွေသင်လိုက်လဲ "
ကျွန်တော် သင်ခဲ့သမျှကို မေမေ့ကို အကုန်ရွတ်ဆိုပြရင်း အိမ်ပြန်လာခဲ့သည် ။
အိမ်မှာ ဖေဖေ ရောက်နှင့်နေပြီ ....
" ဒီသားအမိတွေဘာတွေများပြော လာကြတာလဲ ? "
( ကျွန်တော့်စိတ်ကူးသက်သက်မျှသာဖြစ်ပါသည် )
ကျွန်တော့်မှာ ခေါ်စရာ အမေ/အဖေ မရှိသလို တော်စရာ ဆွေမျိုးလည်းမရှိပါ ။
အရပ်၏စောင်မကြည့်ရှု့မှုကြောင့် အခုထိ အသက်ရှင်နေခြင်းဖြစ်သည် ။
အသက်ရှင်နေသည်ဆိုရုံမျှ သာ ဖြစ်ပါသည် ။
ကျွန်တော့်အသက်ကို ( ၁၃ ) နှစ်ရှိပြီဟုပြောသည်
။ကျွန်တော်နှင့်ရွယ်တူကောင်လေးများတွေ့သော်လည်း သူတို့နှင့်
ကစားခွင့်မရှိ ။ငေးကြည့်ရုံသာတတ်နိင်ပါသည် ။
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD
အမေ ...
ခေါ်ခွင့်ရချင်တယ် ....
ဘယ်လောက်ပဲပေးဆပ်ရ ပေးဆပ်ရပါ ....
အဖေ ...
မျှော်ခွင့်ရချင်တယ် ......
ဘယ်လောက်ပဲစောင့်စောင့်ရ ပါ .....
အမေ
ကျွေးတဲ့လက်နဲ့ ထမင်းစားချင်တယ်
အဆိပ်ပဲဖြစ်ပါစေ ...
အဖေ
ညွှန်တဲ့လမ်း ဘယ်လောက်ပဲကြမ်းကြမ်း
သားလျှောက်ပါ့မယ် .....
တစ်ခါလောက်ခေါ်ခွင့်ရရင် သား သေပျော်ပါပြီ ....
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD
ိအိမ်တစ်ကာ့ အိမ်တွင်သောခွေးတို့သည်ပင်လျှင် အိမ်ရှင်တို့၏ ယုယမှုကို ခံရသေးသည် ။
ကျွန်တော့်ဘ၀တွင် ထိုအရာတို့က အိပ်မက်မျှသာဖြစ်သည် ။
ဤကမ္ဘာမြေကြီးသည် ကျွန်တော့အတွက် အကောင်းဆုံးအိပ်ယာဖြစ်သည် ။
ညစ်ပတ်ပေရေသော အ၀တ်အထည် ၊ကြေးညော်အထပ်ထပ်၊မသပ်ရပ်သောခန္ဒာကိုယ်ကြောင့်
ထိုးဟောင်သောခွေးတို့သည်သာ .ကျွန်တော့ကို အဖက်လုပ်သူများဖြစ်သည် ။
ဒါတွေကို ကျွန်တော်ဂရုမစိုက်ပါ ..
ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေသည် မှာ ဖေဖေ နှင့်မေမေ သာ ဖြစ်သည် ။
မြင်ဖူးချင် သည် ...
တွေ့ဖူးချင်သည် ...
ခေါ်ကြည့်ချင်သည် ...
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD
ဟေ့ကောင် ....
မင်းမဖတ်တတ်ပါဘူးကွာ ...
ပေး ....
ငါဖတ်ပြမယ် .........
ကန်ထဲမှာ ရေပြည့်နေသည်၊
သာသာယာယာ ရှိပါသည်၊
ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်၊
ကြာပန်းများလည်း ခူးကြမည်။
ကောင်လေးနှစ်ယောက်နှင်က စာရွက်ပိုင်းတစ်ခု ..
ပျင်းခြောက်ခြောက်နိင်လှသော ညနေခင်းတစ်ခုမှာ
အပြန်အလှန် အသံပြုနေကြခြင်းဖြစ်ပါသည် ။
ကျွန်တော် ထိုင်နေသော သစ်ပင် ခွဆုံကြီးပေါ်မှ အားလုံးကြားနေရသည် ။
အချိန်ကာလဆိုသော အရာရှိ၏ အမိန့်နှင့် အတူ
တာဝန်ချိန်ကုန်ဆုံးတော့မည့်  နေလုံး ကြီး သည်
ကျွန်တော်အား နှုတ်ဆက်ရင် တစ်ဖြေးဖြေး
ထွက်ခွာချိန် ....
အရာအားလုံးသည် ညင်းသွေ့သွေ့ လေပြေ နှင့် အရောင် တောက်တောက် နေရောင်
အောက်တွင် လှချင်တိုင်းလှနေသည် ။
ခုနက ကောင်လေး နှစ်ယောက်တော့မရှိတော့ ..
စာရွက်ပိုင်းလေး ကတော့ကျန်ရစ်ခဲ့ သည် ...
စာရွက်ပိုင်းလေးကို ကျွန်တော့
လက်ဖြင့်ကောက်ယူလိုက်မိသည် ...
ပုံ လေးတစ်ပုံ ....
အက္ခရာလေးများ ....
အက္ခရာများကို နားမလည်သော်လည်း ...
ပုံ.... ၏် ဆိုလိုချက်ကို နားလည်သည် ..
လှေတစ်စီး ...
လူသုံးယောက်
ကြာပန်းများခူးနေကြသည် ....
အော်.....
ခုနက သူတို့ ဆိုနေသော် စာများသည် အပြင်လောကမှာ တစ်ကယ် ရှိတာတွေကို ရေးထား
တာပါလား ....
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD
ရေတွေပြည့်နေတဲ့ ကန်ကြီးတစ်ခုထဲ မှာ
ဖေဖေ ကလှေကို လှော် ....
မေမေ က ရှေ့မှာ ထိုင် ပြီး
အလယ် မှာ
ကျွန်တော်က ကြာပန်းတွေခူးနေသည် ...
ပါးစပ်မှ လည်း စာတွေ ဆိုနေ သည် ...
ကန်ထဲမှာ ရေပြည့်နေသည်၊
သာသာယာယာ ရှိပါသည်၊
ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်၊
ကြာပန်းများလည်း ခူးကြမည်။
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD
အိပ်မက်လား တကယ်လားမသိပါ ...
ဘာပဲဖြစ်ဖြစ်ပျော်တယ် .....
အိပ်မက်ဆိုလည်း မနိုး ချင်တော့ဘူး ..
ဒီဆုတောင်းလေးပြည့်ပါရစေ နော် ....
....................................................
No comments:
Post a Comment