honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Thursday, September 29, 2011

အချစ်စတုဒီသာ





ဘဘ.jpg
ပူနေသောအခါ ကျဲ၍သွက်ပြီး အေးသောအခါ လေး၍ပျစ်လာတတ်သော သာကူကျိုကဲ့သို့
အချစ်သည် အစပိုင်းတွင် နွေးထွေးသွက်လက်ပျုငှာ၍ အချိန်ကြာလာသည်နှင့်အမျှ သွေးအေားကာ နှေးကွေးလာတတ်သည် ။


monlone.jpg
အချစ်သည်အစပိုင်း၌ငုတ်လျှိုးထိမ်းချုပ်၍ရနိင်သော်လည်း
အချိန်ကြာလာသည်နှင့် အမျှ ဘူးပေါ်သလိုပေါ် တတ်သောကြောင့် မုန့်လုံးရေပေါ်နှင့်တူ၏ ။




အချစ်၏ချိုမြိန်ခြင်းသည်လည်း များများစားလျှင် အီတတ်သောပေါင်မုန့်အုန်းနို့ဆမ်းနှင့် တူ၏ဟု
ပြောစမှတ် တင်ကြလေသည် ။


http://j5.tagstat.com/image01/3/da46/000n052gZF6.jpg


အချစ်ခရီး၌ တစ်ခါတစ်ရံ ၇န်ဖြစ် စိတ်ကောက်သာအခါ ဟန်ဆောင်စိမ်းကား၍ မခေါ်မပြော ဖြစ်ကြခြင်းကား
ချိုမြိန်သော စိမ်းကားခြင်း ( သို့ ) အုန်းနို့ချိုချို လေးထဲမှ မုန်လက်ဆောင်းဖတ် များနှင့် တူလှပေ၏ ။


shwe.jpg

အရောင်စုံ အရသာအစုံ ပစ္စည်းအစုံပါသော ရွှေရင်အေးကဲ့သို့ သောက်နေစဉ်ခဏ၌ အေးမြသွားစေသော်လည်း
အတန်ကြာလျှင် ရေငတ်လာတတ်သကဲ့သို့ အချစ်သည်လည်း တခဏတာ အေးမျှခြင်းကို ပေးစွမ်း နိင်လေသည်။

မည်သို့ပင်ဖြစ်စေ .....
စတုဒီသာကို အ၀အပြဲ ကျိတ်ပြီး ကားပေါ်ရောက်မှ toilet လိုက်ရှာရကာ ဒုက္ခများသကဲ့သို့
အချစ်သည်လည်း မထင်မှတ်သော အချိန် မထင်မှတ်သော နေရာ ရောက်မှာ ဒုက္ခပေးတတ်လေသည်မှာ အသေအချာပင်ဖြစ်လေသည် ။

( သူများကျွေးတဲ့ စတုဒီသာတွေကို အ၀အပြဲ စားပြီး အချစ် ဋ္ဌီကာ ဖွဲ့ထားခြင်း ဖြစ်ပါသည် :P ) nainai

No comments:

Post a Comment