honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Thursday, September 29, 2011

EMOTION




အသက်ဝင်နေသည် .............
ကင်းဗက်အဖြူတစ်စပေါ်တွင် ဆေးရောင်များ ၊တစ်လွှာပြီးတစ်လွှာ
တစ်ထပ်ပြီးတစ်ထပ် ရောစပ်လို့အသက်ဝင်နေကြသည် ။
လှုပ်ရှားနေသောစိတ်တို့၏ အစဉ်အတိုင်း
လက်တို့ကအလိုအလျှောက် ရွေးလျားနေခြင်းဖြစ်သည် ။
ဘာမှလည်းမမြင် ဘာမှလည်းမကြားစိတ်အာရုံအပေါင်းတို့သည်
ဆေးရောင်စုံတို့နှင့်တစ်သားတည်း နစ်မြုတ်နေကြသည် ။
တင်းကျပ်လွန်းသောစိတ်တို့ကိုဖွင့်ထုတ်ဖေါက်ခွဲရင်း
ခပ်ရင့်ရင့်အရောင်တို့ပေစွန်းနေသော
စုတ်တံတို့ဖြင့် ခပ်ကြမ်းကြမ်း ရေးခြစ်မိနေသည် ။
ခံစားချက်တို့၏အနိမ့်အမြင့်အတိုင်း စုတ်ချက်တို့မှာလည်း
ကြမ်းလိုက်နုလိုက် နုလိုက်ကြမ်းလိုက်ဖြင့် လည်းကောင်း ၊
ကျဲလိုက်စိပ်လိုက် စိပ်လိုက်ကျဲလိုက်ဖြင့်လည်းကောင်း
ကင်းဗက်စပေါ်သို့တစ်မျိုးပြီးတစ်မျိုး
တစ်ရောင်ပြီးရောင်ပြီးတစ်ရောင် ။
ခံစားချက်အတိုင်းဖေါ်ကြူးရေးခြစ်နေမိတော့သည်။
တပါးသူတို့၏အိမ်အနောက်တွင်
အဖီဆွယ်နေခဲ့ရသောတဲအိမ်သေးသေးလေးထဲမှ မိသားစုဘ၀ ....
မြေနိမ့်ရာလှံစိုက်တတ်သော လူမဆန်သောလူတို့အကြောင်း ....
စိတ်ထဲမတွေးပဲဝင်လာခဲ့သောအခါ
သွေးတို့ဆူပွက်လာရင်း နှင့် မှိုင်းညစ် ညစ်
ဆေးရောင်တို့နှင့်အတူစုတ်ချက်တို့မှာကြမ်းလည်းကြမ်း ရမ်းလည်းရမ်း
ဗရမ်းဗတာဖြစ်လာတော့သည် ။

အမေ.......
အားမာန်အပြည့်ဖြင့် မိသားစုလေးကိုထိမ်းကျောင်း ၊အကောင်းဆုံးအားမာန်တွေကိုပေးနိင်ခဲ့သူ ......
တိုက်ခိုက်ထိုးနှက်မှုအပေါင်းကိုအံတုရင်း ......စိတ်အားငယ်တတ်သောမောင်နှမများအတွက် စံပြအကိုတစ်ယာက်အဖြစရဲရဲဝံ့ဝံ့ပြသနိင်ခဲ့သော ကောင်လေးတစ်ယာက်ရဲ့ လူမသိအောင်ကျခဲ့ရသောမျက်ရည်များ...................
ရဲ့ရင့်ခြင်း ၊ရှက်ရွံ့ခြင်း ၊နာကျင်ခြင်း၊ သိမ်ငယ်ခြင်း၊မာန ၊ဒေါသ ....အပေါင်းတို့ဖြင့် ဆေးရောင်အပေါင်းတို့သည် လည်း နီလိုက၊် ၀ါလိုက၊် ပြာလိုက၊် စိမ်းလိုက်ဖြင့် လင်းလက်တောက်ပလာပြန်သည်။
နားလည်ရခက်သော၊
တဇွတ်ထိုးဆန်သော ၊
ကောင်လေးတစ်ယောက်ရဲ့ဘ၀အတွက်
အထီးကျန်ဆန်သော ဘ၀ကို ပထမဆုံးနားလည်ပေးခဲ့သော သူမအကြောင်းတွေးမိရင်း
ကျေနပ်ခြင်း ၊၀မ်းမြောက်ခြင်း ၊ကြည်နူးခြင်း အပေါင်းတို့ဖြင့် ဆေးရောင်တို့မှာ အပြာနုရောင် ၊ပန်းနုရောင် ၊လိမ္မော်ရောင်များသို့ပြောင်းလဲ လာရုံသာမက ....စုတ်ချက်များမှာတစ်ဖြေးဖြေးနူးညံ့ကာ အနုစိတ်လာတော့သည် ။
လင်းလက်စွာပွင့်လန်းခဲ့သောပန်းပွင့်ချိုများ
သာယာစွာသီကြူးခဲ့မိသောနှလုံးသား၏သံစဉ်များနှင့်အတူ
ချိုမြိန်စွာဖြတ်သန်းခဲ့သောနံနက်ခင်းများကိုအမှတ်ရမိသည်........

DXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

လေပြည်ညှင်းလည်းတိုက်ခတ်ဖို့မမျှော်လင့်ခဲ့သလို
နေခြည်နွေးနွေးလေးတွေကိုလည်းမတမ်းတမိခဲ့ဘူး
မင်း နဲ့ ESPRESSO တစ်ခွက်သာအနားမှာရှိခဲ့ရင်
ငါ့ အတွက်နံနက်ခင်းဆိုတဲ့အဓိပါယ်လေးဟာပြည့်စုံမှာပါချစ်သူရယ်........................


XDXDXDXDXDXDXDXDXDDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX

ကင်းဗက်စလေးပေါ်မှာ မျှော်လင့်ခြင်းအပေါင်းတို့သည်
ခရမ်းရောင်အဖြစ်ပြောင်းလဲကာ စုတ်ချက်များအဖြစ် အသက်ဝင်လာခဲ့တော့ သည်......
ဖြူစင်လှသောသူငယ်ချင်းဘ၀၏ မေတ္တာတို့အားအရောင်ဆိုးမိသူအဖြစ် စွဲချက်အတင်ခံရကာ ခင်မင်ရင်းနှီးခွင့်ပျောက်ဆုံးလို့ အကြီးမားဆုံးဆုံးရှုံးမှုအဖြစ်
အယုံကြည်ရဆုံး
အခင်မင်ရဆုံး
အလေးစားရဆုံး
တန်ဖိုးအထားရဆုံး
သူမကိုဆုံးရှုံးခဲ့ရတော့.......
ယူကျုံးမရဖြစ်မှု ၊ နှမြောတသမှု ၊၀မ်းနည်းကျေကွဲမှု ။
တဖန်ပြန်လည်အထီးဆန်းမှုတို့ကိုခံစားရင်း
ဆေးရောင်တို့မှာတစ်ဖန် ညစ်ထေးလို့ မှောင်မိုက်လာပြန်ပါတော့သည်......စုတ်ချက်တို့မှာလည်း ပြန်လည်၍ဗရမ်းဗတာ ဖြစ်လာရပြန်သည် ။
ကြက်သွေးရောင်၊ အညိုရောင် ၊မီးခိုးရောင် စသည်ဖြင့် အားရပါးရရေးခြစ်နေခဲ့မိသည်........

XDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD


ကြမ်းတမ်းလှသောဘ၀နှင့် နူးညံလှသောအချစ်
မျှော်လင့်ခြင်းကင်းသောမေတ္တာတရားနှင့် ပူလောင်သောတပ်မက်ခြင်း
ဖြူစင်သောပေးဆပ်ခြင်းနှင့် ပေစွန်းသော ချစ်ခြင်း
ပဋိပက္ခဆန်သော ပေါင်းစပ်မှုများ....
ပဟေဠိဆန်သော စိတ်၏သဘာဝ .......

ရှုပ်ထွေးလာသောစိတ်တို့နှင့်အတူ
ကင်းဗတ်စလေးပေါ်မှဆေးရောင်များ နှင့်စုတ်ချက်များသည်
ခက်ထန်ရာမှနူးညံ့ နူးညံ့ရာမှခက်ထန် ၊
လင်းလိုက်မှောင်လိုက် မှောင်လိုက်လင်းလိုက် ရင့်လိုက် ဖျော့လို့က်ဖြင့်

ရေးခြစ်ရင်း ..............

ရေးခြစ်ရင်း........

အသက်ရှုကျပ်လာသည် ....

အသက်ရှုသံများ ......... ပြင်းထန်လာသည်.....

......မြန်ဆန်လာသည် ....

ပေါက်ကွဲလုမတတ် .....
တင်းကျပ်လာသည် ........

မွန်းကျပ်မှုများ၏ အဆုံးစွန်သော အခြေအနေ ........

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDDXDXDXDX

အား................

စိတ်ရှိလက်ရှိအော်ဟစ်လိုက်ရင်း.......
ဆေးခွက်များနှင့်စုတ်တံများကို လွှတ်ချလိုက်ရင်း..
ကြမ်းပြင်ထက်တွင်လှဲအိပ်ချလိုက်မိသည် ........
ခရီးအဝေးကြီးတစ်ခုကို အပြေးအလွှားသွားခဲ့သူတစ်ယောက်လို ....
မောပမ်းနွမ်းလျှလျက် ရင်ဘက်အစုံမှာ ဖားဖိုကဲ့သို့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည် .....
ရှိသမျှအားအင်များကုန်ခမ်းသွားသလိုခံစားရသည် ......
မျက်ဝန်းအစုံကိုတင်းတင်းကျပ်ကျပ်ပိတ်လိုက်မိသောအခါ မျက်ဝန်းအိမ်ထဲတွင် ပြည့်လျှံနေသော
မျက်ရည်အားလုံးတို့သည်.....ကြမ်းပြင်ထက်သို့ ရေပူစီးကြောင်းနှစ်ခုအဖြစ်စီးဆင်းသွားတော့သည် ။
နှုတ်မှတိုးတိုးလေးဆိုရွက်နေမိသည်ကား......
နင့်အပေါ်.....ငါအရိုးသားဆုံးထက်ရိုးသားခဲ့တာပါဟာ..............
မရိုးသားဘူးလို့မစွပ်စွဲလိုက်ပါနဲ့နော်.....
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

မွန်းကျပ်မှုများ၏ ထွက်ပေါက် ခံစားမှုအပေါင်းတို့၏နားခိုရာဖြစ်သော ထိုကင်းဗတ်စလေးကို
ပန်းချီကားဟု အမည်တပ်ကာ နာမည်တစ်ခုပေးခဲ့သည် .........








Name : EMOTION ........
Artist : nai nai
့ကျွန်တော့်ပန်းချီကားလေး မပြီးဆုံးသေးပါ ...............
ချစ်ခြင်း ၊ပျော်ရွှင်ကြည်နူးရခြင်း ၊ကျေနပ်ပီတိဖြစ်ရခြင်း အရောင်တို့အပေါ် ညစ်ထေးမဲမှောင်သောအရောင်များနှင့် တိုက်ခိုက်ပြိုင်ခြင်းအရောင်များကလွှမ်းမိုးထားခဲ့သော်လည်း
ကျွန်တော့ပန်းချီကားလေး ၏ နောက်ဆုံးစုတ်ချက်မှာ မျှော်လင့်ခြင်းအားလုံးကို ကိုယ်စားပြုသော
ခရမ်းရောင်ဖျော့ဖျော့ ဖြစ်နေသောကြောင့်ဖြစ်ပါသည်.........................


ကျွန်တော့်ပန်းချီကားလေးမပြည့်စုံသေးပါ .................
ပျော်ရွှင်ခြင်း ၊၀မ်းနည်းခြင်း ၊ချစ်ခြင်း ၊လွမ်းခြင်း ၊ကြည်နူးခြင်း ၊ရဲရင့်ခြင်း စသောခံစားချက်များ နှင့်အခြားသောခံစားချက်များကို ကိုယ်စားပြုသော အရောင်များပါဝင်နေသော်လည်း.......
နာကြည်းမုန်းတီးခြင်းကိုကိုယ်စားပြုသော အရောင်တစ်ခု ပါဝင်နေခြင်းမရှိသေးပါ......
ထိုပန်းချီကားလေးကို ဆက်လက်ရေးဆွဲနေမည်ဖြစ်သော်လည်း
ထိုအရောင်တစ်ခုအားထာဝစဉ်ချန်လှပ်သွားမည်ဖြစ်ပါသည် ...........

(သူငယ်ချင်းအားလုံးမိမိဘ၀ကိုစိတ်တိုင်းကျဆေးချယ်နိင်ကြပါစေ )

No comments:

Post a Comment