honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Thursday, September 29, 2011

ကျွန်တော်ပြုံးနေသည်





ကျွန်တော် ဂျိုကာပါ ။ကျွန်တော့်အလုပ်က လူတွေကိုပျော်အောင်လုပ်ရတဲ့အလုပ် ၊နာမည်ကြီး ဆပ်ကပ်အဖွဲ့တစ်ခုရဲ့ clown တစ်ယောက်ပေါ့ ။
ကျွန်တာ့်မှာခင်တွယ်စရာမိသားစုလေးတစ်ခုနဲ့ ရပ်ဝေးမှုာရောက်နေတဲ့ သံယောဇဉ်တွယ်စရာချစ်သူလေးတစ်ယောက်ရှိတယ်….


XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ငယ်ငယ်လေးထဲက ဘ၀မှာပျော်စရာရယ်လို့သိပ်မရှိခဲ့တဲ့ကျွန်တော်တစ်ခြားလူတွေကိုတော့ပျော်အောင်
လုပ်ပေးချင်ခဲ့တာ……
ကျွန်တော့်ကြောင့်လူတစ်ဦးတစ်ယောက် ပျော်သွားတယ်ဆိုရင် ကျွန်တော်ရင်ထဲမှာသိပ်ကျေနပ်တာ၊
ဒါ ကကျွန်တော့်စရိုက်လေ…….
ကျွန်တော်ဒီ clown ဆိုတဲ့နေရာကိုလွယ်လွယ်နဲ့ရခဲ့တာတော့မဟုတ်ဘူး၊clown ဆိုတာဆပ်ကပ်
တစ်ဖွဲ့လုံးရဲ့ အခရာလေ.. မရှိမဖြစ်ပေါ့ ။
ကျွန်တော့်ကိုမြေတောင်မြှောက်ပေးခဲ့တဲ့လူက ဒီအဖွဲ့မှာအသက်အကြီးဆုံး ဖြစ်တဲ့ ဦးကြာဖူးလေ။
အရင်က သူလည်းclown တစ်ယောက်ပဲလေ .. ကျွန်တော်နဲ့တွေတဲ့အချိန်မှာူဘာမှမလုပ်နိင်တော့လို့ အားလုံးရဲ့ ပစ်ပယ်ထားခြင်းခံထားရတဲ့အချိန် ၊ညစောင့်အလုပ်နဲ့ အဖွဲ့မှာကပ်နေရတဲ့သူလေ…
ဆင်းရဲစုတ်ပြတ်လွန်းလို့ ဘယ်သူကမှ အဖတ်မလုပ်တဲ့ ကျွန်တော်ဂရုဏာသက်ပြီး အမြဲအားပေးခဲ့တယ် ။

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

သူနဲ့ကျွန်တော်စကားတွေအများကြီးပြောဖြစ်ခဲ့တယ် ။ကလေးတစ်ယောက်သာဖြစ်တဲ့
ကျွန်တော့်ရဲ့မေးခွန်းတိုင်းကို တလေးတစားနဲ့ဖြေပေး၊ ဆွေးနွေးပေးရင်း နဲ့ ကျွန်တော့်ဘ၀ရဲ့သိမ်ငယ်မှုတွေကို ပြေပျောက်စေခဲ့တယ် ။ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်စေခဲ့
တယ် ။ အလိုမကျမှုတွေ၊ပတ်ဝန်းကျင်ရဲ့ ရိုက်ခက်မှုတွေကြောင့် ခက်ထန်ကြမ်းတမ်း တင်းမာနေတဲ့
ကျွန်တော့်မျက်နှာကို ပြုံးတတ်အောင်သင်ပေးခဲ့တယ် ……..

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

တစ်နေ့ ကျွန်တော့ဆန္ဒကိုပြောမိတယ် ….
လူတွေကိုပျော်အောင်လုပ်ပေးချင်တယ်ဗျာ ……
သူ က ရယ်တာပေါ့………
ပြီးတော့ပြောတယ် …”မင်းမျက်နှာကိုအရင်ပြင်” ရမယ် တဲ့…
သူများကိုပျော်စေချင်ရင် မင်းကိုယ်တိုင်ပျော်အောင်အရင်လုပ်ပါ ကလေးရယ်..
သူ့စကားလေးလေ….
ပြုံး ….. ပြုံး ….. ပြုံး လိုက်စမ်းပါကလေးရယ်……..

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ပြုံးတတ်အာင်စပြီးလေ့ကျင့်ရပါတော့တယ် …..

ဒီတော့မှ တကယ်တမ်းမလွယ်ကူမှန်းသိလာပါတော့တယ်
တုန့်ပြန်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာ သဘာဝတရားပါ ..
ဒါပေမယ့် ဒီ theory ကလူတွေအပေါ် အပြည့်အ၀သက်ရောက်မှုမရှိဘှူး
သဘာဝတရားကိုဆန့်ကျင်တတ် ၊ ခံစားချက်တွေကိုဟန်ဆောင်ဖုံးကွယ်တတ်တဲ့
သက်ရှိဟာ…..တစ်မျိုးတည်းရှိတယ် …အဲတာ လူပဲ…..
သူကတော့ သူခံစားချက်နဲ့သူပြောတာပဲ
ကျွန်တော်သိပ်ပြီးနားမလည်ခဲ့ဘူး ……
မင်းမျက်နှာလေးအမြဲတမ်းပြုံးနေချင်ရင် မျှော်လင့်ချက်ကင်းရမယ်..
မင်းပြုံုးပြတိုင်း သူတို့ကပြန်ပြီးပြုံးပြမယ်လို့မမျှော်လင့်ပါနဲ့ …..
ကျွန်တော်အမြဲပြုံးနိင်အောင်ကြိုးစားရင်း ဒီအရွယ်ရောက်ခဲ့ပြီ ။
သူလည်းမရှိတော့ဘူး …..

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

လောကကြီးကို ကိုယ်ထူကိုယ်ထ လျှောက်လှမ်းနေရင်း သူပြောခဲ့တဲ့စကားတွေကို သတိရမိတယ်….
ကျွန်တော် မေးဘူးတဲ့မေးခွန်းလေးတစ်ခုပေါ့ …
ဦးလေး …. စိတ်မှန်တဲ့လူ နဲ့ စိတ်မမှန်တဲ့လူ ဆိုတာ ဘယ်လိုလူတွေကိုပြောတာလည်း ဟင် ..
လူတစ်ယောက်ကသူ့အပေါ်ကောင်းရင် သူကပြန်ကောင်းတယ် ..
အဲဒီလူကပဲ သူ့အပေါ်မကောင်းတော့ဘူးဆို သူကလည်းပြန်မကောင်းတော့ဘူး .
သူ့စိတ်က ပုံမှန် တစ်သတ်မတ်တည်းရှိမနေဘူး ပတ်ဝန်းကျင်အခြေအနေတွေပေါ်မူတည်ပြီးပြောင်းလဲတတ်တယ် …
အဲတာ စိတ်မမှန်တဲ့လူရဲ့သဘာဝပဲ …..
အဲ စိတ်မှန်တဲ့လူဆိုတာက အဲတာတွေနဲ့ဆန့်ကျင်ဘက်ပဲလေ….
မင်းကငယ်သေးတော့အကုန်လုံးနားလည်ဦးမှာမဟုတ်သေးဘူး ။
ဒီတော့
မင်းလူတိုင်းကိုပြုံးပြနိင်အောင်ကြိုးစားပါ။
ဒါဆိုမင်းတစ်နေ့ ကောင်းကောင်းသဘောပေါက်လာလိမ့်မယ်…….

ပြုံး ….. ပြုံး ….. ပြုံး လိုက်စမ်းပါကလေးရယ်……..

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

မောင်…

မေ စေ့စပ်လိုက်ပြီ…
ပြီးခဲ့သမျှ အရာရာအားလုံးကို မေ့လိုက်ပါတော့
..ခွင့်လွှတ်ပါ…
. မေ ..
မည်ရွေ့မည်မျှခံစားရသည်ကို မပြောပြတတ်တော့ပါ။

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ယနေ့ညပွဲရှိသည်….
ကျွန်တော်ကြောင့် ပျော်ရွှင်ကြရမည့်လူများ…ကျွန်တော်ကိုစောင့်နေသည့်လူများရှိနေသေးသည်..
မကြာမီကျွန်တော့အလှည့်ရောက်တော့မည် ..

ဂျိုကာ……မင်းမေမေဆေးရုံတင်ရတယ်…..

ဖုန်းဝင်လာသည်……
ကံဆိုးမှုသည် အဖေါ်အပေါင်းနှင့်လာတတ်သည်ဟုလက်ခံလိုက်သည်။
ဘာလုပ်ရမလဲ
ကျွန်တော် ငိုချငိသည်….
သို့သော် ..မငိုတတ်ပါ…ပြုံးသာပြုံးတတ်ပါသည် ။
ထို့ကြောင့်ကျွန်တော် ပြုံးနေပါသည်။ အဘယ်ကြောင့် မျက်ဝန်းများစိုစွတ်နေကြောင်းကို
ကျွန်တော်မသိပါ …..။ ။ ။

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD


ယနေ့ထိကျွန်တော်ပြုံးနေဆဲဖြစ်သည်..….

တစ်ချို့ ပြန်လည်ပြုံးပြကြ၏ ။
တစ်ချို့ မမြင်ချင်ယောင်ဆောင်သွားကြ၏ ။
တစ်ချို့မျက်နှာမဲ့သွားကြ၏ ။

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

မည်သို့ဆိုစေ ………
ထိုသူများအားလုံး ကို နောက်တစ်ကြိမ် ထပ်တွေ့လျှင် ပြုံးပြဖို့ ၀န်လေးမည်မဟုတ်ပါ ။ကျွန်တော်စိတ်မှန်သူဖြစ်ချင်ပါ သည် ။ ထိုကြောင့် ကျွန်တော်
ပြုံး …. ပြုံး ….. ပြုံး …..နေပါ သည် ။ ။ ။


သူငယ်ချင်းများအားလုံး အမြဲ ပြုံးနေ နိင်ကြပါစေ …….. nainai 14
januaryboy14@gmail.com

No comments:

Post a Comment