honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Thursday, September 29, 2011

အချစ်နှင်ပတ်သက်၍ သတိပြုရန် အချက်များ





Hopeless Love
ကိုယ် စိတ်ဝင်စားတဲ့လူက ပြန်ပြီး တုန့်ပြန်ရင်စိတ်လှုပ်ရှားဖို့ကောင်းသလောက်
ကိုယ်စိတ်မ၀င်စားတဲ့လူကအတင်းကြီးလိုက်ကပ်ရင် သိပ်ပြီးစိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာပေါ့ ……..
မျှော်လင့်ထားသလိုတုန့်ပြန်ခံရရင်ဆယ်ဆလောက်ပျော်ရပေမယ့်
မျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင်အဆပေါင်းရာထောင်မကစိတ်ကို ဆင်းရဲပင်ပန်းစေလို့ …
မျှော်လင့်ခြင်းကင်းစွာနဲ့ ချစ်နိင်ဖို့ အမှန်တကယ်ပဲ စိတ်ကိုပျော်ရွှင်ကျေနပ်စေမှာပါ ။
အဲ ……ပြောရတာတော့အရမ်းလွယ်လွန်းတယ် …..
ဒီတော့ မျှော်လင့်ခြင်းကင်းစွာနဲ့ချစ်တယ်ဆိုတဲ့ စကားရပ်ကို လက်တွေ့ကျကျ နားလည်နိင်အောင်ကြိုးစားကြည့်ကြရအောင်နော် ။။

Love is not choice

အချစ်ဆိုတာရွေးချယ်မှုတစ်ခုမဟုတ်ပါဘူး …ဒါဖြင့် ဘာလဲ ?
It is only responding
တုန့်ပြန်မှုသက်သက်သာဖြစ်ပါတယ် တဲ့
ကိုယ့်ကို ရင်ခုန်တဲ့ သူတွေအများကြီးထဲက တစ်ယောက်ကို ပြန်ပြီး answer ပေးလိုက်တာကို ရွေးချယ်လိုက်ပါတယ်လို့ အများက ထင်စရာရှိပေမယ့်
ကာယကံရှင်ကိုယ်တိုင်ကတော့ သူ့ခံစားလို့ရတဲ့ သူတစ်ယောက်တည်းရဲ့ အချစ်ကို အချစ်နဲ့တုန့်ပြန်လိုက်တာပါ ။
ပိုက်ဆံ ၊ ဂုဏ် ၊ အဆင့်အတန်း ဘာသက်ရောက်မှုမှမပါပါဘူး….
တကယ်လို့ အဲဒါတွေကို စဉ်းစားပြီး answer ပေးလိုက်တယ်ဆို respond က နေ choice ဖြစ်သွားမှာ ဖြစ်ပါတယ် ။ အချစ်သက်သက်မှာ respond သာရှိပါတယ် choice မရှိပါဘူး ။

အချစ်နှင့် အတ္တကြီးခြင်း ( သို့ ) ပုံစံသွင်းခြင်းး
 
ကိုယ်ချစ်ပါတယ်လို့ပြောတဲ့လူတစ်ယောက်ကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပုံစံသွင်းဖို့စတင်လုပ်ဆောင်နေပြီဆိုရင် သင် ကို့ စတင်မှားယွင်းနေပြီလို့ပြောချင်ပါတယ် ။
သင့်အချစ်မှာ သင့်ရဲ့ အတ္တတွေကပ်ပါနေပြီး သန့်စင်မှုမရှိတော့တာကို သင့်ရဲ့ လုပ်ဆောင်မှုတွေကသက်သေပြနေပါပြီ ။
လူတိုင်းလိုလိုအတ္တကြီးကြပါတယ် …..
သူ့ အဖေ အမေ ပြောတာတောင်မရဘူး … ငါပြောရင်တစ်ခွန်းပဲ …
ဆိုပြီး ကွယ်ရာမှာ ပြောနေကြတာ ကြားဘူးပါရဲ့။ဒါပေမယ့် ယောက်ျားလေးတစ်ယောက်ရဲ့ မွန်းကျပ်မှုကို သင်မသိနိင်ပါဘူး ။။။
တကယ်တမ်းပြောင်းလဲလာဖို့ မလွယ်ပါဘူး …..
သင့်ရှေမှာသာ လိုက်နာချင်ယောင်ဆောင်ပမယ့် ကွယ်ရာမှာ တစ်မျိုး လုပ်ပါလိမ့်မယ် ။
ပိုဆိုးစေတဲ့တစ်ချက်က သင့်ချစ်သူကို သင်ကိုယ်တိုင်က ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်တဲ့စရိုက်မျိုး လုပ်တတ်သွားအောင်သင်ကိုယ်တိုင်က သင်ကြားပေးလိုက်သလို ဖြစ်သွားတာပဲ ။
အဲဒီလို အကျင့်မျိုး သာ အကျင့်ပါသွားရင် အသေးအမွှားကအစ အကြီးကြီးတွေပါလုပ်လာနိင်လို့ ချစ်သူကို အတ္တကြီးစွာ ချုပ်ချယ် ခြင်ဟာကွဲပြဲခြင်းရဲ့ အစပဲလို့ပြောချင်ပါတယ် ။
ဒီတော့ ချစ်သူကို …..
အရှိကို အရှိအတိုင်း လက်ခံနိင်အောင်ကြီုးစားပါ
ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ
ချစ်သူကို ပုံ စံမသွင်းပါနဲ့
….
ဒီလိုဆိုရေရှည် လက်တွဲသွားဖို့ တော်တော်လေး အဆင်ပြေပါပြီ ။

Save u're love 

အစွမ်းကုန်မချစ်ရ
ဟုတ်ပါတယ် ကိုယ်ကချစ်သူကို ဘယ်လောက်ပဲချစ်ချစ် တကယ်ချစ်နိင်တာထက်နည်းနည်းလောက်လျှော့ပြီး ချစ်ပြပါ ။
ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် လူတိုင်းမှာ စိတ်ပျော်ရွှင်တဲ့အချိန်နဲ့
စိတ် အခန့်မသင့်တဲ့အချိန် ဆိုတာရှိပါတယ် ။
ဥပမာ …. ပထမ နေ့ … ကိုယ်က စိတ်ပျော်ရွှင် နေလို့ ချစ်ရတဲ့သူကို အစွမ်းကုန်ဂရုစိုက်ပြ . ကြင်နာပြလိုက်တယ်
ဒုတိယနေ့မှာ … ကိုယ်ကလည်းကိုယ့်ပြဿနာနဲ့ကို စိတ်မကြည်ဘူး ခါတိုင်းနေ့လို့ ဂရုမစိုက်နိင်ရင် ….
ကိုယ့်ချစ်သူက ကိုယ့်ကိုယ် အရင်လိုမချစ်တော့ဘူး ။။ အချစ်လျော့သွားပြီလို့ထင်ချင်ထင်ပါလိမ့်မယ် …..။။

The best for you 

အကောင်းဆုံးတွေသာ မင်းအတွက်
နောက်တစ်ခုက ချစ်သူအတွက် အရာရာကို အကောင်းဆုံးလုပ်ပေးချင်တဲ့ သင့်ရဲ့ စိတ်ဆန္နကို ထိန်းချုပ်ပါ ။ သင်ဘယ်လောက်ချစ်လည်း သိပါတယ် ။ဒါပေမယ့် အကောင်းဆုံးလုပ်မပေးနိင်တဲ့အခါ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို စိတ်ပျက်မှုတွေကို
ရလာတတ်ပါတယ် ။
ဒါ့အပြင် အရမ်းကြီး ဂရုစိုက်ပြရင် တစ်ဖက်လူမှာ ကိုယ့်ကြောင့် မွန်းကျပ်မှုတွေ
ခံစားရနိင်ပါတယ် ။

..........................................................................

အချစ်အကြောင်း သတိထားသင့်တာလေးတွေကို ရေးပေးလိုက်တယ်  .....ချစ်သူတွေ အဆင်ပြေပျော်ရွှင်နိင်ကြပါစေ...
အားလုံးပဲ ...
ချစ်သောသူနဲ့ ကွေကွင်းရခြင်းဆင်းရဲမှ လွတ်ကင်းချမ်းသာပျော်ရွှင်နိင်ကြပါစေနော်...
                                                          ခင်တဲ့ (နိင်)

No comments:

Post a Comment