honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Thursday, September 29, 2011

တက်ကျမ်း :)








ဇောက်ချလုပ်ကိုင်ပါ 


05lROS8eq.gif

လုပ်ငန်းတစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းဖြင့် မိမိ ဘဝ၏တိုးတက်လမ်းကို ရှာသင့်သည် ။
မိမိသည် မည်သည့်နေရာတွင့် ကျွမ်းကျင်သည်ဟု ပြောဆိုနိင်သူသည် သူလိုကိုယ်လို သာမာန်လူများထက် အခွင့် အရေးပိုသည်မှာ အထူးပြောရန်မလိုပေ ။ ထို့ကြောင့်  ဘဝ တိုးတက်စေရန် ပထမ အဆင့် တစ်ခုဖြစ်သော skillful person ဖြစ်လာစေရန်  တစ်နေရာတည်းစွဲမြဲစွာလုပ်ကိုင်းရင်း လုပ်ငန်းကျွမ်းကျင်မှုကို တည်ဆောက်ယူကြရန် အကြံပြုလိုက်ပါသည် ။

ကောင်းမွန်သောအလေ့  အကျင့်များကိုမွေးမြူပ

06WUU73Jt.gif

ကောင်းသောအလေ့ အကျင့်များကိုနေ့စဉ်ပြုသောသူသာ ကောင်းမွန်သောအနာဂတ်ဘ၀ကို ပိုင်ဆိုင်ရမည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ဖြစ်သည် ။ ထို့ကြောင့်ကောင်းမွန်သောအလေ့  အကျင့်များကို နေ့  စဉ် ပုံမှန်ပြုလုပ်ပါရန်တိုက်တွန်းချင်ပါသည်။ ( အဟိ )



အချိန်၊နေရာနှင့် ခွန်အား

0dxnstBrz.gif
အောင်မြင်လိုသူတစ်ယောက်သည်  အချိန် အခါကိုသိရမည် ။ မည်သည့်  အချိန် မည်သည့်နေရတွင့် ခွန်အားကို မည်မျှစိုက်ထုတ်ရမည်ကို သိရန်လိုအပ်ပေသည် ။မည်သည့်  အလုပ် ကို ခွန်အားမည်မျှစိုက်ထုတ်ရမည်ကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် အကောင်းဆုံးလေ့လာသင်ယူနိင်ပေသည် ။

တွန်းကန်အား

001j0532fto.gif
တွန်းကန်အားသည်လည်း အောင်မြင်မှု၏ အရေးပါသောသော့ချက်တစ်ခုဖြစ်လေသည် ။တွန်းကန်အားဆိုသည်မှာ ဤအလုပ်ကို မည်သည်ကြောင့်လုပ်ရသည်ဟူသောအကြောင်းပြချက်ဖြစ်သည် ။ မည်သည့်အတွက်ကြောင့်လုပ်ရသည်ဟူသော အကြောင်းပြချက်(၀ါ) တွန်းကန်အားမှန်ကန်ပါလျှင် မည်သို့ လုပ်ရမည်ဟူသော အချက်မှာ အလွန်လွယ်ကူသော အချုက်တစ်ချက်ဖြစ်လာပေသည်။
(ဥပမာ) မိန်းမတစ်ယောက်.... အတန်းပညာ များများစားစားမရှိပဲ ယောက်ျားဖြစ်သူ၏ လုပ်ခလစာအပေါ်၌သာမှီခိုစားသောက်ရသည်။ ယောက်ျားဖြစ်သူရုတ်တရက် သေဆုံးသွားသောအခါ မလုပ်တတ်မကိုင်တတ်ဖြင့် ကျန်ခဲ့သည် ။ အခြားသော ဆွေမျိုးသားချင်းများမရှိပေ ။ နောက်ဆုံး ကိုယ်တိုင်အားထုတ်မှုမရှိလျှင်
ငတ်ပေတော့မည် ။ ထိုအခါ သူသည် ဈေးရောင်းဈေးဝယ်ဖြင့် အသက်မွေးရာမှ ယခုအခါ စတိုးဆိုင်ပိုင်ရှင်ဖြစ်နေပေပြီ ။
ထိုဥပမာအရ... မည်သို့လုပ်ရမည်ထက် ဘာကြောင့် လုပ်ရသည်က ပို အရေးကြီးကြောင်း သိသာပေသည် ။ ထို့ကြောင့် ကျွန်တော်တို့သည် ဘ၀၏ တွန်းကန်အားကိုယူ၍ ဘ၀ကိုတိုးတက်အောင်ပြုလုပ်ကြရမည်ဖြစ်သည်။
နမူနာ.အားဖြင့် .......
  • မိဘအတွက် ( ရှားပါတယ် ) ( အဟိ )
  • ရည်းစားအတွက် ( တော်တော်များတယ်ထင်တယ် )(:P )
  • ငါက ဆင်းရဲလို့ လူရာမသွင်းကြဘူး .. ငါကြိုးစားရမယ် .........အစရှိသဖြင့် ...ပေါ့.......


လေးစားမှုရှိပါ


funnny1.gif
အကယ်၍သင်သည်အောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့လျှင် သတိထားရမည့် အချက်တစ်ခုမှာ မိမိအလုပ်အပေါ်လေးစားမှုလျော့ကျလာခြင်းကို ဆင်ခြင်ရန်ဖြစ်သည်။ လူတို့  ၏သဘောမှာ မလုပ်တတ်သေးခင်သာ အားသွန်ခွန်စိုက်ရှိပြီး လုပ်ငန်း၌ကျွမ်းကျင်လာသောအခါ ပေါ့လျော့လာတတ်၍ မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပေါ်ကာ
ဆက်လက်တိုးတက်ရန်အတွက် အနှောက်အယှက်ဖြစ်လာမည်ဖြစ်သည် ။ထို့ကြောင့် ပြောချင်ပါသည် မည်သည့်လုပ်ငန်းကိုမဆို ကျွမ်းကျင်သည်ဟူ၍ မပေါ့ဆပါနှင့် ။ လက်ဆောင်စကားတစ်ခွန်းပါချင်၏
" သတိိ နှင့် ပိုက်ဆသည် ပိုသည်ဟူ၍မရှိ "


ဝဋ္ဋ်ဆိုတာလည်တတ်တယ်

08OEkXW79.gif
သူတစ်ပါးအပေါ်မကောင်းမကြံပါနှင့်  ၀ဋ္ဋ်ဆိုတာလည်တတ်တယ်တဲ့ ...
အဲဒီစကားက မှန်ချင်လည်းမှန်မယ် ....မမှန်ချင်လည်းမမှန်ဘူး .. ဒါပေမယ့် သေချာတာတစ်ခုက
ကိုယ်ကိုယ်တိုင်က မကောင်းတာလုပ်ထားခဲ့ ရင် သူတပါးအပေါ် အကောင်းမြင်ချင်တဲ့ စိတ်နဲ့ ယုံကြည်စိတ် တွေအပြင် ငါ့ အပေါ်သူတို့ရိုးသားပါ့  မလားဆိုတဲ့ သံသယကြီးနဲ့ ငါ့အလှည့်က ဘယ်တော့ပြန်ရောက်မလဲဆိုတဲ့စိတ်တွေကြောင့် အလုပ်ကိုထဲမှာပျော်နိုင်တော့မှာမဟုတ်တာသေချာပါတယ် ။ အဲဒီတော့ သူငယ်ချင်းတို့လည်း သူများကို မကောင်းကြံတာမျိုးကို ရှောင်ကျဉ်နိင်ကြပြီး အမြဲ ပျော်ရွှင်နိင်ပါစေ ။+(


ဟန်မဆောင်ပါနှင့်

0bkkKnPNL.gif 

ဟန်ဆောင်ရသည်မှာ စစချင်းအလွန်လွယ်ကူသော်လည်း ။ ပေါ်ပေါက်သွားပါက အလွန်ရှက်စရာကောင်းလှသည်။ ဟန်ဆောင်မှုများသည် တစ်ချိန်မဟုတ်တစ်ချိန် ပြန်လည်ပေါ်ပေါက်သွားမည်သာဖြစ်သည်။
ဟန်ဆောင်မှုပေါ်ပေါက်သွားလျှင် လူလိမ် လူညာအဖြစ် တိုးတိုးတစ်မျိုးကွယ်ရာတစ်မျိုး အပြောခံရမည်ဖြစ်ကာ
မိမိကိုယ်တိုင်လည်း မသွားရဲမလာရဲဖြင့် တိုးတက်လမ်းများပိတ်ဆို့ သွားမည်ဖြစ်သည် ။

(သူငယ်ချင်းများ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပြီး အောင်မြင်ပျော်ရွှုင်သောဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ )
                                                                                                  ခင်မင်စွာဖြင့် ( နိင် )

No comments:

Post a Comment