honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Thursday, September 29, 2011

ဆောင်းတွင်း အိပ်မက်




ဥသြ ... ဥသြ ... ဥသြ


ဈေးစောစောသွားရောင်းဖို့ nainai အိပ်ယာထတော့ .... နာရီကြည့်တော့ ..... မနက် ငါးနာရီခွဲ ပဲရှိသေးတယ် ...
ဥသြ က ဇွဲကောင်းကောင်းနဲ့ ထအော်နေတယ် . ဟွန်း ...
တော်တော်ဇွဲကောင်းတဲ့ကောင် ...
ပြတင်းပေါက်တံခါး ဖွင့်လိုက်တော့ ဟာ ဟ့ ..
အား ပါးပါး နှင်းတွေ မှ အများကြီးပဲ ... ပြက္ခဒိန်ကပြနေတာဇန်န၀ါရီ 31 ...

အဲဗျာ ... ဥသြ ပြက္ခဒိန်များအကြည့်မှားလားမသိ ... :P
တော်တော် ဇွဲကောင်းတဲ့ကောင် ...
ဒီကောင့်ရုပ်ကို မြင်ဖူးအောင်တော့ကြည့်ရမယ် ဆိုပြီး လိုက်ရှာတော့ ...

လား လား .... အိမ် နောက်ဖေးက ပိတောက်ပင်ပေါ်မှာ ဒင်း လေး က
စောင်ခြုံ ပြီ ဟဲနေတာကိုး.......

ထူးထူးခြားခြားဗျာ ဒီနှစ်ရန်ကုန်မှာ နှင်း အကျဆုံး ရက်ပဲ ...တကယ်ဗျာ စောင်ခြုံပြီး အော်တဲ့ဥသြ ဒီတစ်ခါပဲတွေ့ဘူးတယ် ။

ဒင်းလေးက အိပ်ချင်မူးတူးနဲ့ ... အော်နေတာ ဖြစ်ရင်ဖြစ် မဖြစ်ရင်
အသည်းကွဲပြီး အဆွေးသီချင်းဟစ်နေတာ ဖြစ်မယ် ထင်လို့ ...
ကိုယ်ချင်းစာ ပြီး လက်ထဲက ခဲလုံးကို ပြန်ချလိုက်တာ ... နို့်မို့ဆို
ဒင်းလေးဘယ်လွယ်လိမ့် မလဲ ဗျာ .....

ညက လည်း တစ်ညလုံး .... အိပ်ပျော်တစ်ဝက်မပျော်တစ်ဝက်နဲ့
အိပ်မက်တွေက လည်း မက်လိုက်တာ ....တစ်ညလုံးပဲ ငယ်ငယ်တုန်းက တော့ .အဖွားကတော့ပြောဘူးပါတယ် အိပ်မက်ဆိုတာ စိတ်ထဲက စွဲလမ်းတာတွေ လိုချင်တာတွေကို မက်တာတဲ့ ။
ကျွန်တော်ဘာတွေလိုချင် ... ဖြစ်ချင်တာလည်း ဆိုတာ အိပ်မက်ထဲမှ သိတော့တယ် ဗျ
မသိစိတ်ထဲက လိုချင်တာတွေ အိပ်မက်ထဲကျတော့ အကုန်ပေါ်တာပဲ .... :P

ကျွန်တော်ဘာတွေမက်လည်း သိလား ဟီဟိ ...
သူများကောင်လေးတွေလို ရှာရာပိုဗာတို့ ၊ ကိုယ် girl firend နဲ့လျှောက်သွားတာတွေဘာတွေ ဟုတ်ဘူးဗျ ။
အိပ်မက်က ဒီလို ....

ကျွန်တော် ဆူးလေလမ်းမအတိုင်း ....လမ်းလျှောက်လာတာ ...လမ်းတစ်လျှောက်လုံးမှာ တော့ ထုံးစံအတိုင်း ရန်ကုန်က မမလေးတွေ ..
အခု ခေတ် စကားနဲ့ပြောရရင် လန်းလန်း လေးတွေ ရော ဂွမ်းဂွမ်းလေးတွေရောပေါ့ဗျာ ...
အဟဲ ကျွန်တော် က ကပ္ပလီမင်းသား ၀ီစမစ် စတိုင်နဲ့ မြေပဲပေါက်ပေါက်တစ်ထုပ်နဲ့ စမတ်ကျကျ လမ်းလျှောက်လာ တယ် လေ..
ဟိုကြည့်ကြည့်နဲ့ လျှောက်လာတာ အချိန်က ညနေပိုင်းဆိုတော့ ပလက်ဖေါင်း ဘုရင်တွေပြည့်နေလို့ လူတွေကလမ်းမပေါ်ဆင်းလျှောက်နေရတဲ့အချိန်ပေါ့ ။

ကျွန်တော် လည်း ဟိုလျှောက်ဒီလျောက်နဲ့ လက်ထဲက မုန့် ထုပ် စားလို့ကုန်သွားတယ်။
အဲ အမှိုက်ပစ်ဖို့ သွားရင်း .. နောက်က လှမ်းခေါ်တယ် " ကို " တဲ့ ( ဟီဟိ )
... စဉ်းစားတယ် .. ပတ်ဝန်းကျင်မှ အထီး ဆိုလို့ကျွန်တော်တစ်ယောက်ပဲရှိတယ် ... ခေါ်တဲ့ ဒီဒီလေးက လန်လန် လေး ... ပိတ်စ ၂ ကိုက်လောက်ဆို စကပ် 3 ထည်လောက်ချုပ်လို့ရမယ့် size လေး ... ထမင်း လည်း တစ်ရက်မှာ တစ်နပ်ပဲစားမယ် ပုံလေး ... ဒီခေတ် ကုန်ဈေးနှုန်း နဲ့ အကိုက်ပဲ ... ဒါပေမယ့် ကျွန်တော် စဉ်းစားပြီ ..

ကျွန်တော့်ကို ဒီလို ခေါ်မယ် လူ ရှိမှ မရှိတာ ဟ ... ( ရည်းစားမထားဘူးတဲ့လူ အမေရိက ကိုလေယာဉ် အခမဲ့ စီးရမယ်ဆို ကျွန်တော် အရင် စီးရမှာ သေချာသပေါ့ ) (ကြုံတုန်းလေးကြော်ငြာဝင်တာ :P )

ဒါဟာ အိပ်မက် ဟုတ်ရင်ဟုတ် မဟုတ်ရင် ခေါ်တဲ့ဒီဒီ လေး ဦးနှောက်မမှန်လို့သာ ဖြစ်မယ် ။ ဒါမှ မဟုတ် .. ဘာညာဘာညာလေး လေးလား ....
ဘယ်ရမလဲ ကျွန်တော် ရန်ကုန်သားပါ ခင်ည ။ အိပ်မက်ထဲမှာတောင် သတိရှိတယ် ။ ဒါနဲ့ ကျွန်တော် လည်း အိပ်မက် ဟုတ်မဟုတ် ကိုယ် လက်ကို ဆိတ်ကြည့်တယ်
အား လား လား နာ တယ် ဟ ...
ဒါဆို တကယ်ပေါ့ ... ဟာ ဟာ ....

ကောင်မလေးကို ကြည့်တော့လည်း ရူးတဲ့ပုံမပေါ်ပါဘူး ... ကျွန်တော့်ကို ကြည့်နေတဲ့ မျက်လုံးလေးတွေကို အချစ်ရည်တွေရွှန်းလဲ့နေလိုက်တာ ။
ဟီဟိ ပြောရင်နဲ့ ကြက်သီးတောင်ထတယ် ( ရှု ရှုး ပေါက်ချင် ၍မဟုတ်ပါ )
အိပ်မက်လည်း မဟုတ် ... ရူးနေတဲ့ပုံလည်းမပေါက် လှမှလှ .... လန် မှ လန် ... လန်းမှ လန်း ... အိုးအိုး ....
ပိုင်ပြီ ဟ ... အမေသား တော့ကောင်းစားပြီ ဟ ... ဆိုပြီး လက်ကလေးကို ကိုင်မလို့ လုပ်တော့.......

ကျွန်တော့်လက်ထဲမှာ မုန့် ထုပ် အခွံ ကရှိနေတယ် ... ဒါနဲ့ မျက်စိလေး ကို တစ်ချက်လောက်ကစားလိုက်တာ ...
( အမှိုက်ပုံးလိုက်ရှာတာ ) ဟော ဗျာ ....
ဆူးလေ လမ်းမနဲ့ 24 လမ်း၊ 35 လမ်း ၊ ဘားလမ်း စတဲ့ မြို့ထဲက လမ်းတိုင်း လမ်းတိုင်း လမ်းတစ်လမ်း ထိပ်ကို အမှိုက်ပုံးတစ်ခုစီရှိနေကြလေရဲ့ ....
အဲ ဒီမှ သေချာ သိတော့တယ် ... ငါ အိပ်မက်မက်တယ်ဆိုတာ ......
ကျွန်တော်ကို အိပ်မက်က ဘယ်လိုပဲလှည့်စား လှည့်စား ... ဒီတစ်ခုကိုတွေ့တော့ မှ .. အိပ်မက်မှန်း သိတော့တယ် ။

ကြားဘူးဆိုတာ က အိပ်မက်ထဲမှာ မဖြစ်နိင်တာကို တွေ့ရတယ်တဲ့။ ဒါတော့သေချာတယ် ။ nainai တစ်ယောက် မီရှဲဝီလ် နဲ့ အရပ်ချင်း တူချင်ရင် တူသွားမယ် ။ ဂျိမ်းဘွန်း မင်းသား အရွေးခံရချင် ခံရမယ် အဲဒါမျိုး ကို အိပ်မက်လို့ ထင်ချင်မှ ထင်မယ် ... ဒီလို မြို့ ထဲမှာ အမှိုက် ပုံးတွေကို အများကြီး တွေ့ရတာ ကတော့ အိပ်မက် ဆိုတာ သေချာ သွားပြီ .... သေရော ဗျာ ...

ကောင်မလေးကို တော့နှမြောတယ် .... ဟဲ ဟဲ ..
ဒါပေမယ့် အိပ်မက်ဖြစ်မှန်းသိသွားတော့ ... ကောင် မလေးကို ပြောလိုက်တယ် ..
sai sai သီချင်းထဲကလို့ ... " ... ဒီညတော့ ဒီမျှပဲပေါ့ ...Babay bye bye ..."


ဇာတ်ပေါင်းသော် ... ( အိပ်မက်ဆိုတာ ဖြစ်စေချင်တာတွေကို စွဲလမ်း ပြီး မက်တယ်ဆိုပဲ ။... ကျွန်တော့် အိပ်မက်လေး အတိုင်း ရန်ကုန်မြို့ လယ်ကောင်မှာ အမှိုက်ပစ် ဖို့ အမှိုက်ပုံး လေးတွေ စနစ်တစ်ကျ ရှိနေစေချင်ပါတယ်ဗျာ ... ။ ဒီလို ရှိနေစေချင်တဲ့ ရန်ကုန်မြို့တော်သားလေးတစ်ယောက်ရဲ့ စေတနာ အိပ်မက်လေး ဖြစ်ပါတယ် ။ :P )
( မုန့်စားပြီး .. အမှိုက် ပုံးလိုက်ရှာရသော ဒုက္ခ မှ ကင်းဝေးကြပါစေ .....ဟီဟိ )

No comments:

Post a Comment