
တစ်ခါက မုဆိုးတစ်ယောက် အမဲလိုက်ရင်း
နို့စို့အရွယ်
ကျားပေါက်လေးတစ်ကောင် တွေ့လာတယ်
ဒါနဲ့သနားပြီး အိမ်ခေါ်လာတယ်၊ သားပေါက်နေတဲ့
ဆိတ်ခြံထဲမှာ ထားလိုက်တယ် ။
သူလည်းဆိတ်နို့သောက်ပြီး တစ်ဖြေးဖြေးကြီးပြင်းလာခဲ့တယ်
သူ့ရဲ့ကြီးပြင်းမှုဟာ တကယ်ပဲ ခက်ခဲခဲ့ပါတယ် ။ သူ့ညီအကိုမောင်နှမတွေလို
အရွက်အလက်တွေစားသောက်ရတာ သူ့အတွက် မလွယ်ကူခဲ့သလို၊
ခုန်ဆွ ခုန်ဆွ နဲ့ ပြေးတတ်ဖို့လည်း အခုထိ အားထုတ်နေရဆဲပါ ။
အဆိုးဆုံးက ...သူ့အကိုအမတွေ နဲ့သူ့အမေကြီး ပြောတဲ့ သံနေသံထားကို
သူအခုထိ ဘယ်လိုမှ ပီသအောင်မပြောနိင်သေးတာပါပဲ ။
ကိုယ့်စရိုက် နဲ့ အံမ၀င်ပဲ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ရဲ့
ရှင်သန်မှုဟာ အင်မတန်ပဲခက်ခဲလှပါတယ် ။ တစ်နေ့မှာ မုဆိုးက အရွယ်ရောက်စ
ပြုလာတဲ့ သူ့ကို သတိထားမိသွားတဲ့အခါမှာတော့
သူ့ကို တောထဲကို ပြန်လည် ပို့ဆောင်ဖို့ခေါ်သွားရင်း သူ့ကို ပြောတယ်....
ဒါ...မင်းဘ၀မဟုတ်ဘူး ... မင်းဟာ သူများကိုအုပ်ချုပ်ရမယ့် တောဘုရင်မျိုးနွယ်ဖြစ်တယ် ..
မင်းကိုယ်မင်း ဘာကောင်လဲဆိုတာ ပြန်ကြည့်...လို့ပြောပြီး တောစပ်က စမ်းချောင်းနားမှာ
ထားခဲ့ပြီးပြန်သွားခဲ့ပါတော့တယ် ။
ခဏနေတော့ ရေငတ်လာတာနဲ့စမ်းချောင်းအစပ်မှာ ရေဆင်းသောက်ရင်း
စမ်းချောင်းထဲက ထူးဆန်းတဲ့အကောင် တစ်ကောင်ကိုတွေ့လိုက်တယ် ...
သေချာကြည့်တော့ အဲဒီအကောင်ဟာ သူလှုပ်သလို လိုက်လှုပ်နေတယ်လေ ..
ဒီလိုနဲ့ကြည့်ရင်း ဒါဟာသူ့ပုံ၇ိပ်ပါ ဆိုတာ သေချာသထက်သေချာလာတဲ့နောက်
သူ့အမေ၊ညီကိုမောင်နှမတွေနဲ့ ပတ်ဝန်းကျင်ရဲ့ သူ့အပေါ်နားမလည်နိင်တဲ့ အကြည့်စိမ်းတွေ အကြောင်း
၊သူဘာလို့ သူ့ပတ်ဝန်းကျင်နဲ့ အသားကျဖို့ခက်ခဲတယ်ဆိုတဲ့အကြောင်းတွေကနားလည်သွားပါတော့တယ် ။
ဒီအချိန်မှာပဲ ရေသောက်ဆင်းတဲ့ တစ်ခြား ကျားတစ်ကောင် ဘေးနားကိုရောက်လာပြီး
သူ့ကိုကြည့်တယ် ... ပြီးတော့ အော်လိုက်တယ်
'' ဝေါင်း '' ဆိုပြီးတော့ .....ပေါ့ ...
အဲဒီကျား တောထဲ ပြန်ဝင်သွားပြီးတဲ့နောက် ...
သူလည်း ကြိုးစား ၊ညစ်ထုတ်ပြီး အော်ကြည့်လိုက်တယ်....
တစ်သက်လုံး သိုဝှက်ထားခဲ့ရတဲ့ စိတ်တွေ ပွင့်လင်းလာတယ်....
သူ့ကိုယ်သူ ပြန်ရှာတွေ့ခဲ့ပါပြီ ..
'' ဝေါင်း '' ဆိုတဲ့ အသံဟာ သူ့နားကိုသူမယုံနိင်အောင် သူ့ပါးစပ်က
ပဲ ထွက်လာခဲ့တာပေါ့ ....
သူဟာ ...လွတ်လပ်တဲ့ ၊ပေါ့ပါးတဲ့ ၊ပျော်ရွှင်တဲ့ စိတ်နဲ့ အားပါးတရ
တစ်ချက်အော်ပြီးတောထဲကို ခုန်ဝင်သွားပါတော့တယ် .....
.................................................................
မှတ်ချက် ( ကြောက်တတ်တဲ့စိတ်က သင် ဘာလဲဆိုတာကို အမှန်တကယ်ပဲ ဖုံးကွယ်ထားတတ်တယ် )
( ကျား၊ခြင်္သေ့ဆိုတာ တောကို အုပ်ချုပ်ဖို့ပါ ၊မြက်စား၊နွားကျောင်းဖို့ မဟုတ်ဘူး ၊ကိုယ်ဘာကောင်လဲသိနိင်ကြပါစေ ) nai nai
No comments:
Post a Comment