honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Friday, June 21, 2013

ချစ်ကြပြီဆိုတော့လည်း။။။။။။။။။




ကိုယ်ချစ်ရတဲ့သူကို .......


- အလေးအနက်ထားကြောင်း အမြဲမလုပ်ပြပါနဲ့ ။
သူ့အတွက် ပြန်ပြီးအသိအမှတ်ပြုရတာကိုက လေးလံတဲ့တာဝန်တစ်ခုဖြစ်လာလိမ့်မယ် ။


- ဂရုစိုက်ကြောင်း အမြဲ အသိမပေးပါနဲ့ ...

တစ်အားဂရုစိုက် လွန်းရင် သူ့ဘ၀ကို ဘောင်ခတ်ထားသလို ခံစားလိမ့်မယ် ၊


- စည်းမျဉ်းတွေ တစ်အားမသတ်မှတ် ပါနဲ့ ....

ကိုယ့်ကို ချစ်လို့ ဘာမှမပြောပဲ လိုက်လျောပေးပေမယ့် ကြာလာရင် သူ့ ဘက် က

အရမ်းမွန်းကြပ်လာလိမ့်မယ် ။


- အရမ်းချစ် ကြောင်း အမြဲတမ်းသက်သေမပြပါနဲ့ ....

အမှန်တရားကလည်း ရှင်းပြပါများလာရင် တန်ဖိုးမဲ့ တတ်တဲ့သဘောရှိတယ် ....


သာယာတဲ့ တေးသွားဆိုတာ ....

အမြင့်သံ အနိမ့် သံ ၊ အဖိသံ အဖေါ့သံ ၊ အနှေး အမြန် ၊ စတာတွေနဲ့ ဖွဲ့စည်းထားတာပါ ။

သာ.ယာတဲ့ အချစ်ခရီးလမ်းဟာလည်း ဒီလိုပါပဲ ...

ကားလမ်းဘေးမှာ စိမ်းစိုတဲ့ မြင်ကွင်း ရှိတာကောင်းပါတယ်။ ဒါပေမယ့် အမြဲတမ်းကြီး

အစိမ်းရောင် တွေချည်းပဲဆိုရင်တော့ ကြာလာတော့ ကြည့်ချင်စိတ်မရှိနိင်တော့ဘူးလေ ။

အဲဒီလိုပဲပေါ့ ။


သာယာတဲ့ အချစ်ခရီးလမ်း ဟာ အသိဥာဏ်နဲ့ယှဉ်တွဲပြီးမှ ဖြစ်လာရမှာပါ ။

ကိုယ်နဲ့သူ ချစ်သူတွေဖြစ်ပြီးသွားပြီ ဆိုပြီး ပေါ့ပေါ့တန်တန် သဘောမထားပဲ ...

အမြဲ တမ်း သစ်လွင်လတ်ဆတ်တဲ့အချစ်တွေ ဖြစ်နေအောင် update လုပ်ပေးမှသာ

သာယာတဲ့ အချစ်ခရီးလမ်းကိုပိုင်ဆိုင်တဲ့ ချစ်သူတွေ ဖြစ်လာကြမှာပါ ...

                                                                             ( 21.6.2013)
                                                                              ( nai nai )  ( သို့ )
                                                       သင့်ဘ၀ရဲ့ အမှတ်တရတွေထဲက တစ်ယောက်