သူငယ်ချင်းတို့ ရေ ...........
ယဉ်ကျေးမှုမတိုးတက်သေးတဲ့ ဟိုးတစ်ချိန်က.......
ကျောက်ခေတ်ကပေါ့ ကွာ .........
လူတွေဟာ နေ့နဲ့ ည ၊ အလင်းနဲ့ အမှောင်ကိုသာ သိသေးတဲ့အချိန်၊
..........
ညမှောင်လာရင်ကြောက်ကြတယ် ၊ မနက်လင်းလာရင်ပျော်ရွှင်ကြတယ် ။
ဘာကြောင့်လည်းဆိုရင် အမှောင်ဟာ ကြောက်ရွံ့ ခြင်းကိုပေးပြီး ၊ အလင်းဟာ
ရဲ ဝံ့ ခြင်းနဲ့ သတ္တိ ကိုပေးလို့ ၊ လူတွေဟာ အလင်းရောင်ကိုမှီခိုအားထားရာက
အလင်းရောက်ကိုဖြစ်ပေါ်စေတဲ့ နေကို ကိုးကွယ်တဲ့ လူတွေ ပေါ်ပေါက်လာကြတယ်။
တစ်ချို့ လူတွေဟာ ညအမှောင်ထဲမှာ အမှောင်ဆန့်ကျင်ပြီး အလင်းရောင်ဖြစ်ပေါ်စေတဲ့ လမင်းကို ကိုးကွယ်ကြတယ် ။
တစ်ချို့ သော လူတွေဟာ အဲဒီလိုပဲ ကြယ်တွေကို ကိုးကွယ်ကြပြန်တယ် ။
အဲဒီလို အားကိုးရာ အားကိုးရာ ကိုးကွယ်ရာက ဘာသာတရားဆိုတာ ဖြစ်ပေါ်လာပါတော့ တယ် ။
မီးကို အသုံးပြု တတ်လာတဲ့ အခါမှာ တစ်ချို့ က မီးကို ကိုးကွယ်ကြပါတယ် ။
ဘာကြောင့် လည်းဆိုရင် ၊ မီး ဟာ သူတို့ ကို သားရဲ့ တိရိစ္ဆာ န်များရဲ့ ဘေးမှ ကာကွယ်ပေးသလို ၊ အမှောင်ကို ခွင်းပေးလို့ ပါပဲ ။
ဒီလိုနဲ့ ကျွန်တော်တို့ လူတွေစာ အပင်တွေ စိုက်ပိျုးစားသောက်တတ်တဲ့ အထိ
ဥာဏ်ရည်ဖွံ့ ဖြိုးလာလေတော့ ၊ ရေကြည်ရာ မျက်နုရာ ရှာဖွေစားသောက်လာကြတယ် ။ အဲဒီလို စိုက်ပျိုးစားသောက်ရာမှ ရေကြီးလို့
အပင်တွေ နစ်မြုတ်ပျက်စီးကြတာ ။ မိုးခေါင်လို့ အပင်တွေ စိုက်ပျိုးဖြစ်ထွန်းမှု မရှိတဲ့အခါတွေမှာ အငတ်ဘေးကို ရင်ဆိုင်ရတော့ တယ် ။
အဲဒီအခါ
တစ်ချို့ လူတွေက ရေ ဟာ အားလုံးရဲ့ အရှင်သခင်ပဲ၊ သူမရှိရင် ငါတို့တွေ
အသက်ရှင်ဖို့ ခက်မယ်ဆိုပြီး ၊ ရေ ကို ကိုးကွယ်ကြပါတော့ တယ် ။
အဲဒီလိုပါပဲ တစ်ချို့တွေဟာ မိုးကို ကိုးကွယ်ကြပါတော့ တယ် ။
ဒါတွေဟာ အသိဥာဏ်မဖွံ ဖြိုးသေးတဲ့ တစ်ချိန်ကဖြစ်ရပ်တွေပါ ။
ကျွန်တော်တို့ ငယ်ငယ်က မိုးချိန်သံ ကြားရင် ဒေဝေါကြီးလာပြီလို့
လူကြီးတွေက ခြောက်လှန့်လေ့ ရှိပါတယ် ။
တစ်ချိန်က ဒါကို မိုးနတ်မင်းက စိတ်ဆိုးပြီးအော်နေတာလို့
လူတွေ ကြောက်လန့် ခဲ့ ရပါတယ် ။
ကလေးတွေက ဒေဝေါကြီး လာပြီဆိုပြီး ကြောက်ခဲ့ ကြပါတယ် ။
ဒါဟာ မလုပ်သင့်တဲ့ ကိစ္စပါ ။ ကလေးတွေကို အမှန်အတိုင်းရှင်းပြသင့်ပါတယ်။
တစ်ချိန်လုံးအလိမ်ခံခဲ့ ရတဲ့ ကလေးတွေဟာ အမှန်တရားကို
စာဖတ်နိုင်တဲ့ အရွယ်ရောက်မှ နားလည်ကြရပါတယ်။ သူတို့ အတွက်
အမှန်တရားဟာနောက်ကျခဲ့ ပါတယ် ။သူတို့ အမှန်ကိုသိလာရတဲ့ အချိန်
လူကြီးတွေကို အယုံအကြည်ကင်းမဲ့ လာပါလိမ့် မယ် ။
အခုတော့ လေထုထဲက လျှပ်စစ် အဖို နဲ့ အမ ကြောင့် ဖြစ်လာတဲ့ ကိစ္စ
ဆိုတာနားလည်နေကြပါပြီ ။
အခု ၂၁ ရာစုထဲရောက်လာပါပြီ ၊ သူတို့ ကို သူတို့ လူကြီးလို့ ပြောပြောနေတဲ့ လူကြီးတွေ ကျောက်ခေတ် ၊ ကြေးခေတ်က အယူအဆတွေနဲ့ အလိမ်ခံနေကြရတာ မျက်မြင်ပါ ။
တစ်နေကုန်တစ်နေခန်း ရှာလိုက်ရတဲ့  ပိုက်ဆံ ........
မအိပ်ပဲ မနားပဲ .... ရှာလိုက်ရတာ ........
ပြီးတော့ ပြောလိုက်သေးတယ် ......
ဒါ ....... ကိုယ်တော်ကြီးပေးတာ......
ကိုကြီးကျော်မတာ ............... တဲ့ .....
အမှန်တကယ်ပဲ ..... သူတို့ ကိုးကွယ်တဲ့ နတ်တွေက
သူတို့ ရှာထားတဲ့ စည်းစိမ်တွေကို ခေါင်းပုံဖြတ်ပြီး ( မ )
နေတာပါ ............သူတို့ တွေ ....... ရာစုနှစ်ဟောင်းမှာပျော်နေကြလေရဲ့ ။
နောက်တစ်မျိုးအရူးထကြတာရှိသေးတယ် ......
အယ်ထရာစတောင်း ရိုက်တော့ ဗိုက်ထဲက ကလေးက မိန်းကလေး
အဲဒါ ကို ဗေဒင်ဆရာက ယောက်ျားလေးပြောလို့ ...... ကိုယ့် မျက်စိနဲ့
မြင်တာကို မယုံပဲ ၊ မမြင်ရတဲ့ သူများပြောတာ ကို ယုံကြတဲ့ သူတွေ
နိင် နိင် တို့ ရန်ကုန်မှာအားကြီး ပဲ ၊
အဆိုးဆုံးက မွေးဖို့ ရက်တွေ အများကြီးလိုသေးတာကို
ဗေဒင်ဆရာက ပြောတဲ့ နေ့ ရက် အချိန်တွေ တိုက်ပြီး ဗိုက်ခွဲ မွေးကြတဲ့
ဥာဏ်ကြီးရှင် မိဘများပါပဲ ။
ဆေးရုံက သူတို့ မွေး
ဖို့ ပြောတော့
ဆေးရုံကလက်မခံတော့ အပြင်ဆေးခန်းမှာသွားမွေးကြလေရဲ့ ။
ရလာတဲ့ အဖြေက ဆိုးဆိုးဝါးဝါးပါပဲ ။ကလေးက ရက်မပြည့် ပဲ မွေးတော့
ပေါင်မပြည့် ဘူး ၊ကျန်းမာရေးကလည်း ချုခြာ ၊အဲဒါကိုလည်း ...
ယောက်ျားလေးပြောပြီး မိန်းကလေးမွေးတာကို ဗေဒင်ဆရာမက နှာစေးနေတယ် ........
အဲဒါယောက်ျားရောမိန်းမပါ
ခေတ်ပညာတတ်တွေ ပါ ။ ၂ဘွဲ့ သုံးဘွဲ့  ယူထားတဲ့ ဟာတွေလေ
ဒီတော့ လက်တို့ ပြီးတော့ ပြောရဦးမယ် ...
အဲလို ဗေဒင်မျိုးတော့ နိုင်နိင် လည်း ကောင်းကောင်းဟောတတ်ပါတယ် ။
အဲဒီလို ကလေးမွေးတော့ မယ်ဆိုရင်ဖြင့် လာမေးကြပါဦင်္းလို့
No comments:
Post a Comment