ကျွန်တော်ကိုယ်တိုင်ကလည်း ငယ်ငယ်လေးတုန်းက အရမ်းဒေါသကြီးတာ.ထစ်ကနဲရှိလုပ်လိုက်တာပဲ ။ဒေါသဖြစ်တဲ့အချိန်မှာဘာကိုမှမမြင်နိင်တော့ဘူး ။ကောင်းသည်မကောင်းသည်စဉ်းစားဖို့အချိန်မရှိတော့ဘူး .အမှားအမှန်ကိုလည်းမခွဲခြားနိုင်တော့လို့ မှားခဲ့တာများပါတယ် ။
စီတ်ရဲ့သဘောအရင်းက အရမ်းဖြူစင်တယ် .စိတ်ကလေးကြည်လင်နေတဲ့အခါမျက်နှာလေးလည်းဝင်းပနေတတ်တာကိုသတိထားမိမှာပေါ့
ဒေါသဖြစ်တဲ့အခါ မျက်နှရဲ့အရောင်ပြောင်းလဲသွားတတ်တယ်၊တစ်ချို့က အနီရောင် တစ်ချို့ က ……………
အခုချိန်မှာ တော်ရုံတန်ရုံဒေါသမထွက်တော့ပဲ အရာရာကို သည်းခံစိတ်မွေးနိင်နေတဲ့ကျွန်တော် ငါ့မှာဒေါသမရှိတော့သလောက်နည်းသွားပြီ .. ဂုဏ်ယူနေတုန်းမှာ….အဘိဓမ္မာကို လေ့လာလို့ စိတ် ဆိုတဲ့အခန်းရောက်မှ သေသေချာချာသိတော့တယ်….ငါ့မှာဒေါသတွေအများကြီးရှိသေးတယ်ဆိုတာ
ကျွန်တော်တို့ သိတာကရှုးရှုးရှဲရှဲ ပေါက်ကွဲမှသာ ဒေါသလို့သတ်မှတ်ကြတာပေါ့ ။
ဒီတစ်ခုတည်းမဟုတ်သေးပါဘူး….
၁ ။ ပူဒေါသ
၂ ။ အေးဒေါသ နှစ်မျိုးရှိသတဲ့
ပူဒေါသ က သိလွယ်မြင်လွယ် တဲ့ပေါက်ကွဲတဲ့ဒေါသမျိုးပေါ့
အေးဒေါသကတော့ ဖွဲမီးလိုတစ်ငွေ့ငွေ့တောက်လောင်တတ်တဲ့ဒေါသမျိုးပါ ။
အေးဒေါသ ဆိုတဲ့အထဲမှာ
၁ ။ တစ်စုံတစ်ယောက် ကို အလွန်အမင်း စိတ်ပူပန်ပေးတာ
၂ ။ ပူဆွေးဝမ်းနည်းတာ
၃ ။ သောကရောက်နေတာ
၎ ။ အလွန် အမင်းလွမ်းဆွတ်တမ်းတ သတိရနေတာ…..
အဲဒါတွေပါတယ် ….အခု လူငယ်တွေမှာဖြစ်တတ်တဲ့ အသည်းကွဲတယ်ဆိုတာလည်း ဒေါသတစ်မျိုးပါပဲ …
ဒေါသဖြစ်နေဆဲ အခိုက်အတန့်မှာ ခန္ဒာကိုယ်အတွက် ဆိုးကျိုးပေးတဲ့ ဓာတ်ပစည်းတွေဟာ ခန္ဓာကိုယ် မှ ထုတ်လုပ်ပါသတဲ့ ။
ဒေါသဆို ဘယ်ဒေါသမှကောင်းကျိုးမပေးလို့ ဒေါသကိုနည်းနိုင်သမျှနည်းအောင် ကြိုးစားနိင်ကြပါလို့တိုက်တွန်းချင်ပါတယ် ။
No comments:
Post a Comment