မကြာခင်နှစ်သစ်ကူးတော့မှာဖြစ်ပါတယ် ။
နှစ်သစ်ကူးတော့မယ်ဆို ကမ္ဘာပေါ်မှာပထမဆုံး နေကိုတွေ့ရတဲ့ japan နိင်ငံရဲ့ နှစ်ကူးပျော်ပွဲရွှင်ပွဲအကြောင်းလေးပြောပြချင်ပါတယ်။
ဒီအချိန်မျိုးဆိုရင် ဂျပန်နိုင်ငံ ရဲ့ မိသားစုတော်တော်များများဟာ ဟော်တယ်တွေကို
ပြောင်းရွေ့နေထိုင်ကြပြီပေါ့။
အခုနောက်ပိုင်းမှာ ဂျပန်နိင်ငံရဲ့မိသားစုတော်တော်များများဟာ နှစ်သစ်ပျော်ပွဲရွှင်ပွဲတွေကို
ဟော်တယ်တွေမှာသာကျင်းပတာ ပေါ်ပြူလာဖြစ်နေပါတယ်။ ဒါဟာလည်း နှစ်သစ်ကူး
အတွက် အိမ်မှာပြင်ဆင်ရမယ့် ( decoration ) ကုန်ကျစရိတ် ၊ လူပင်ပန်းမှု အချိန်ကုန်မှုတွေကသက်သာစေရန် အတွက်ပဲဖြစ်ပါတယ်။ အလုပ်အလွန်ရှုပ်တဲ့ ဂျပန်လူမျိုးများအတွက် ဒါဟာ အတော်လေးအဆင်ပြေတဲ့ ဟိုတယ် ၀န်ဆောင်မှုတစ်ရပ်ပဲဖြစ်ပါတယ် ။
ဒီရက်တွေမှာ အိမ်ရှင်မတွေဟာ အိမ်အလုပ်တွေမှအနားယူထားကြသလို အိမ်ရှ င်ထီးတွေဟာလည်း တစ်ခြားအခန်းများကို လျှောက် လည်ကြ စကားပြောကြနဲ့ လွတ်လပ်ရေးရနေကြပါတယ် ။ကလေးတွေကတော့ နှစ်သစ်ကူးလက်ဆောင် တွေအပြင် မုန့်ဖိုး အများဆုံးရတဲ့နေ့တွေပေါ့ ။
တစ်ချို့သောမိသားစုအနည်းစုသာ အိမ်မှာသာ ကျင်းပလေ့ရှိတယ်။
ဒီဇင်ဘာ ( 31 ) ရက်ည ( 12 ) မှာ ဘုရားကျောင်းမှ မကောင်းဆိုးဝါး နှင်ထုတ်တဲ့ အဓ္ဓိပါယ်
နဲ့ ခေါင်းလောင်း ( 108 ) ထိုးလေ့ရှိပါတယ် ။
ဂျပန်နိင်ငံမှာ နှစ်သစ်ကူးပွဲတော်များကို ( ၃ ) ရက်တိုင်တိုင်ကျင်းပကြတယ် ။
ပထမ နေ့မှာ ဘုရင်မင်းမြတ်ဟာ တိုင်းသူပြည်သားများကျန်မာစေကြောင်း ဘုရားကျောင်းမှာ
သွားဆုတောင်းပေးပါတယ်
ဒုတိယနေ့မှာတော့ လူတိုင်းလူတိုင်း ဟာ ဘုရားကျောင်းကိုသွားပြီး ဆုတောင်းလေ့ရှိပါတယ။်
တတိယနေ့မှာတော့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေဆီကို အလည်သွားလေ့ရှိပါတယ်။
တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ( ရှင်းနင် အိုမဲတဲ့တို ဂိုဇိုင်းမတ် ) လို့ နှုတ်ဆက်ပါတယ်
ဂျပန်လူမျိုးများဟာ သူတိှု့ဆီကိုရောက်လာတဲ့ new year ပို့စ်ကဒ်လေးတွေဘယ်လောက်ရသလဲဆိုတဲ့အပေါ်ဂုဏ်ယူလေ့ရှိပါတယ် ။
နှစ်ကူးအထိမ်းအမှတ်
ခေါက်ဆွဲ ( တိုးရှီကိုးရှီ ဆောဘ )ဲကိုစားလေ့ရှိပြီး ခေါက်ဆွဲရှည်သလို
သူတို့အသက်တွေရှည်စေဖို့ ဆုတောင်းကြသတဲ့ ။
အိမ်ရှေ့မှာကောက်ရိုးကွင်းလေးတွေလုပ်ပြီး သူတို့ရဲ့ တိုးရှီဂါမိ (နှစ်သစ်ကူးနတ်ဘုရား ရဲ့ နာမည် ) ကို ပူဇော်ပါတယ် ။
အိမ်ရှေ့မှာကောက်ရိုးကွင်းလေးတွေလုပ်ပြီး သူတို့ရဲ့ တိုးရှီဂါမိ (နှစ်သစ်ကူးနတ်ဘုရား ရဲ့ နာမည် ) ကို ပူဇော်ပါတယ် ။
အိမ်မှာကျင်းပကြတဲ့မိသားစုနှစ်ကူးပွဲတွေမှာဆိုရင်တော့ ကောက်ညှင်းတွေကိုထောင်းရင်းမိသားစုတစ်ပျော်တစ်ပါးစားလေ့ရှိကြတယ်လေ။
ဂျပန်နိင်ငံအစိုးရက အဲဒီနေ့တွေကို အစိုးရရုံးပိတ်ရက်တွေအဖြစ်သတ်မှတ်ပေးထားပါတယ်။ဂျပန်ရုပ်သံလွှင့်ဌာနကလည်း တစ်နှစ်အတွင်း အကောင်းဆုံးသီချင်းတွေကို ည ၁၂ နာရီထိုးတဲ့အထိထုတ်လွှင့်ပေးပါတယ်။…..
ဒီလောက်ပဲပြောလိုက်ပါဦးမယ် သယ်ရင်းတို့ရေ
No comments:
Post a Comment