ဒီနေ့ မိုးတွေရွာတယ်...
စီပွားရေးလုပ်တဲ့ သူဌေးကြီးတွေကပြောတယ်
သူတို့ မှာ ဒီနေ့ ဆိုတာပဲ ရှိသတဲ့ ...သူတို့ နေ့ တိုင်း မိုးမိလားလို့ မေးချင်လိုက်တာ....
ဒီနေ့ လေ... နင့်ကိုလွမ်းလိုက်တာ ....
ဦးကြီးတွေက ပြောတာ
မိုး ကြောင့် ပျိုးတွေ သန်ရသတဲ့
ငါ့ ရဲ့ အလွမ်းပျိုးပင်တွေ လည်း မိုးမြင်လို့ ပိုသန်လာတယ်ထင်တယ် သိလား .....
ဒီနေ့ မိုးမိတာ ချမ်းလိုက်တာ .....
ဆရာဝန်တွေကပြောတာ လူကိုယ်ငွေ့ က အနွေးဆုံးတဲ့
ငါ အချမ်းပြေချင်တာ တစ်ခဏတာအတွက်မဟုတ်ပဲ
တစ်ဘ၀စာပါဆိုတာ ...
ဒီနေ့ ရွာတဲ့ မိုးကို သက်သေတည်ပြီးပြောလိုက်တယ်...
မင်းဘက်က
လက်ဝါးလေးဖြန့် ထားပေးဖို့ တစ်ခုပဲတောင်းဆိုပါရစေ....
ဘယ်လာက်ပဲ ဝေးဝေး ငါပြေးလာပါ့မယ်
ဘယ်လောက်ကြမ်းကြမ်း ငါလှမ်းခဲ့ပါ့မယ်
လက်ခုပ်ဆိုတာ ၂ဘက်စလုံးထိမှ အသံမည်မှာမို့ပါ ........
( nai nai )
16th july 2009 thu
9:50PM
No comments:
Post a Comment