honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Tuesday, May 31, 2011

လူနှင့် ဘာသာရေး






လူတိုင်းလူတိုင်းမှာ၊ကိုးကွယ်စရာ၊ ဆည်းကပ်စရာ ဘာသာတရားတစ်ခုခုတော့ရှိစမြဲပင်ဖြစ်သည်။

့ငါတို့ဘာမှမကိုးကွယ်ကြဘူးဟု ပြောလေ့ရှိသောဘာသာမဲ့ များလည်းရှိကြပေသည်။

သူတို့ကတော့ချွင်းချက်ပေါ့။



ကျွန်တော်ပြောချင်တာကဘာသာတစ်ခုခုကိုကိုးကွယ်သည့်လူတိုင်း

(သို့)တစ်ဦးတစ်ယောက်ကိုရည်ညွှန်း၍ဆိုလိုခြင်းဖြစ်သည်။

မိမိစီးသည်းမြင်းအထီးမှန်းအမမှန်းသိမသိကအရေးမကြီးပါ။

မိမိကိုးကွယ်သည့်ဘာသာကိုအဘယ်ကြောင့်ကိုးကွယ်ရသည်ဟူ

သောရည်ရွယ်ချက်ကိုတော့သိသင့်လှပေသည်။


အဘယ့်ကြောင့်နည်း???။



ကျောက်ခေတ်၊ကြေးခေတ်မှစ၍ယနေ့ထက်ထိတိုင်အောင်

ယဉ်ကျေးမှုတိုးတက်ထွန်းကားလာခြင်း၏အခြေခံအုတ်မြစ်မှာသရဏဟုခေါ်သော

ကိုးကွယ်ဆည်းကပ်သောအလေ့အထ၊တစ်နည်းအားဖြင့်ဘာသာရေးပင်ဖြစ်သည်။


ယခင်ကလူတို့၏စိတ်မှာတိရစ္ဆာန်များနှင့်မခြားကြီး၊နိုင်၊ငယ်၊ညှင်

ရက်စက်ကြမ်းကြုတ်သောစိတ်မျိုးဖြစ်ခဲ့ကြ၊ရှိခဲ့ကြသည်။

ဘာသာတရား၏ဆုံးမပဲ့ပြင်မှုကြောင့်သာဤမျှယဉ်ကျေးလာရခြင်းဖြစ်သည်။


ဘာသာတရားနှင့်လူ၊လူနှင့်ဘာသာတရားခွဲခြား၍မရနိုင်။

ခွဲခြားလိုက်ပါကလည်းလူသည်အရိုင်းသက်သက်ဘဝသို့ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။


ထို့အပြင်မိမိကိုးကွယ်သည့်ဘာသာကို

အဘယ်ကြောင့်ကိုးကွယ်ရကြောင်း ကိုးကွယ်သည့်ရည်ရွယ်ချက်ကိုလည်းတိတိကျကျုသိသင့်လှပေသည်။


တစ်ချို့မှာမိရိုးဖလာဖြစ်သောကြောင့်သာကိုးကွယ်လိုက်သည်။ရည်ရွယ်ချက်ဘာရယ်လို့မရှိပေ။

တစ်ချို့များကျတော့ဝါသနာပါလို့၊လေ့လာဖို့ဆိုပြီးကိုးကွယ်တတ်ကြသည်။

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေထဲမှာတောင်တစ်ချို့ရှိသေးတယ်။

ဗုဒဘာသာဆိုတာအလှုအတန်းလုပ်ရတယ်ဆိုလို့အလှုတွေဘာတွေလုပ်ပါလေရဲ့။

လုပ်နေကျအစဉ်အလာမို့သာလုပ်တာစိတ်ထဲဘာရယ်လို့ရှိတာမဟုတ်ဘူး။


ဘာကိုမှလည်းရည်ရွယ်တာမရှိဘူးမျက်ကန်းလမ်းလျှောက်သလိုပဲ။

ခြေဦးဒူးတည့်လျှောက်သွားနေလို့ကတော့လျှောက်တာပဲရှိမယ်ဘယ်မှရောက်တယ်လို့မည်မှာမဟုတ်ဘူး။

ဒါကြောင့်မိမိတို့ကိုးကွယ်တဲ့ဘာသာအယူဝါဒတွေကိုဘာကြောင့်

ကိုးကွယ်သလဲဆိုတာကိုယ့်ကိုယ်ကိုပြန်မေးသင့်ပါတယ်။စီစစ်သင့်ပါတယ်။

ဘာကြောင့်ဆိုတဲ့ရည်ရွယ်ချက်ပေါ်မှသာအဲဒီရည်ရွယ်ချက်ကိုဘယ်လိုဖြည့်ဆည်းမလဲ၊

ဘယ်လိုကျင့်ကြံအားထုတ်မလဲဆိုတာကိုယ်တိုင်ဝေဖန်စီစစ်နိုင်မှာပါ


ဥပမာဆိုကြစို့ရဲ့....

ကိုယ်ကရန်ကုန်မှာနေတယ်။သွားချင်တာမော်လမြိုင်။

အဲ-ကိုယ်သွားမယ့်ရည်ရွယ်ချက်ပန်းတိုင် မော်လမြိုင်ဆိုတာကြီး သိနေပြီပဲ။

ဘယ်ပုံဘယ်နည်းသွားမလဲကိုယ့်ဘာသာကိုယ်ဆုံးဖြတ်တော့ပေါ့။

ပုံမှန်အတိုင်းသွားချင်တဲ့လူကကားစီးမယ်၊ရထားစီးမယ်၊ရေလမ်းခရီးကြိုက်ရင်သင်္ဘောစီးမယ်။

အခ်ျိန်မရဘူးကွာမြန်မြန်ရောက်ချင်တယ်ဆိုရင်လည်းလေယာဉ်စီးပြီးသွားလို့ရတယ်နော်....

ဒါကဥပမာလေးပေးတာပါ...


ကိုယ့်မှာရည်ရွယ်ချက်ဆိုတာရှိနေမှတော့ဘယ်လိုလုပ်ရမလဲကိုယ့်ဘာသာကိုယ်ရွေးချယ်ကြပေါ့။

ကိုယ်ဟာဘာကြောင့်ဒီဘာသာကိုကိုးကွယ်ရသလဲဆိုတာကိုသေသေချာချာသိရပြီဆိုရင်ဖြင့်

ကိုယ်ကိုးကွယ်တဲ့ဘာသာဟာကိုယ်ကိုးကွယ်ရတဲ့ရည်ရွယ်ချက်နဲ့ကိုက်မကိုက်ကိုသေသေချာချာဝေဖန်စီစစ်သင့်ပါတယ်။

ကိုယ်ကိုးကွယ်တဲ့ဘာသာဟာဘယ်လိုဘာသာမိျိုးဖြစ်တယ်။


ဘယ်လိုအကျင့်မျိုးကျင့်ကြံတယ်။င်္ဒီဘာသာရဲ့ခရီးဆုံးပန်းတိုင်ဟာဘာဖြစ်တယ်ဆိုတာကို

သေသေချာချာမဟုတ်တောင်သာမာန်ထက်ပိုပြီးသိသင့်ပါတယ်။ဒါကိုသိမှသာကိုယ်လိုချင်တဲ့ပန်းတိုင်နဲ့

အဲဒီဘာသာတရားလမ်းညွှန်တဲ့ပန်းတိုင်ကိုက်မကိုက်စီစစ်နိုင်မှာပါ။

အဲဒီလိုဝေဖန်ရင်းမိမိဘာသာစကားကိုနှိုက်နှိုက်ချွတ်ချွတ်လေ့လာဆည်းပူးမိတဲ့အခါ(ဒါမှမဟုတ်)လိုက်နာကျင်ကြံမိတဲ့အခါမှာမိမိကိုးကွယ်တဲ့ဘာသာအကြောင်းယခင်ကထက်ပိုမိုသိရှိလာမှာဖြစ်သလို

မင်းကိုးကွယ်တဲ့ဘာသာအကြောင်းပြောပြပါလားဆိုရင်

နှုတ်ပိတ်နေရတဲ့ဘဝကနေမိမိကိုးကွယ်တဲ့ဘာသာအကြောင်းရဲရဲဝံ့ဝံ့ရှင်းပြနိုင်တဲ့ဘဝကိုလည်းရရှိမှာဖြစ်ပါတယ်။


ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘာသာတရားကိုကိုင်းရှိုင်းသူအားလုံးလိုလိုဟာ

သာမာန်လူအများထက်တော့ပိုပိုပြီးအကျိုးခံစားရတာကိုအထင်အရှားတွေ့နိုင်ပါတယ်။
ဒါဟာဘာသာတရားရဲ့အဆုံးအမအောက်မှာနေခြင်းရဲ့အကျိုးတရားဖြစ်ပါတယ်
ထို့အပြင် မိမိဘာသာတစ်ခုတည်းသာမက
အခြားခြားသောဘာသာများ၏အကြောင်းကိုလည်းလက်လှမ်းမှီသလောက်
လေ့လာကြရန်လည်းလိုအပ်လှပါသည် ။ထိုအခါမှသာ နှိုင်းယှဉ်လေ့လာပြီး
အကောင်းအဆိုးခွဲခြားနိုင်ပြီး ။ ဘာသာရေးအမြင်ကျဉ်းမြောင်းက တစ်ယူသန်
၊အငြင်းသန်သူဘဝမှလွတ်မြောက်နိုင်မည်ဖြစ်သည် ။

မည်သည့်ဘာသာဝင်မဆို
မိမိကိုးကွယ်သည့်ဘာသာကို သေသေချာချာလေ့လာသုံးသပ်ပြီး၊
ကျင့်ကြံအားထုတ်ကာ... မိမိဘဝ၏ သာယာချမ်းမြေ့များရှာဖွေကြရန်
တိုက်တွန်းအပ်ပါသည် ။

No comments:

Post a Comment