အသက်ဝင်နေသည် .............
ကင်းဗက်အဖြူတစ်စပေါ်တွင် ဆေးရောင်များ ၊တစ်လွှာပြီးတစ်လွှာ
တစ်ထပ်ပြီးတစ်ထပ် ရောစပ်လို့အသက်ဝင်နေကြသည် ။
လှုပ်ရှားနေသောစိတ်တို့၏ အစဉ်အတိုင်း
လက်တို့ကအလိုအလျှောက် ရွေးလျားနေခြင်းဖြစ်သည် ။
ဘာမှလည်းမမြင် ဘာမှလည်းမကြားစိတ်အာရုံအပေါင်းတို့သည်
ဆေးရောင်စုံတို့နှင့်တစ်သားတည်း နစ်မြုတ်နေကြသည် ။
တင်းကျပ်လွန်းသောစိတ်တို့ကိုဖွင့်ထုတ်ဖေါက်ခွဲရင်း
ခပ်ရင့်ရင့်အရောင်တို့ပေစွန်းနေသော
စုတ်တံတို့ဖြင့် ခပ်ကြမ်းကြမ်း ရေးခြစ်မိနေသည် ။
ခံစားချက်တို့၏အနိမ့်အမြင့်အတိုင်း စုတ်ချက်တို့မှာလည်း
ကြမ်းလိုက်နုလိုက် နုလိုက်ကြမ်းလိုက်ဖြင့် လည်းကောင်း ၊
ကျဲလိုက်စိပ်လိုက် စိပ်လိုက်ကျဲလိုက်ဖြင့်လည်းကောင်း
ကင်းဗက်စပေါ်သို့တစ်မျိုးပြီးတစ်မျိုး
တစ်ရောင်ပြီးရောင်ပြီးတစ်ရောင် ။
ခံစားချက်အတိုင်းဖေါ်ကြူးရေးခြစ်နေမိတော့သည်။
တပါးသူတို့၏အိမ်အနောက်တွင်
အဖီဆွယ်နေခဲ့ရသောတဲအိမ်သေးသေးလေးထဲမှ မိသားစုဘ၀ ....
မြေနိမ့်ရာလှံစိုက်တတ်သော လူမဆန်သောလူတို့အကြောင်း ....
စိတ်ထဲမတွေးပဲဝင်လာခဲ့သောအခါ
သွေးတို့ဆူပွက်လာရင်း နှင့် မှိုင်းညစ် ညစ်
ဆေးရောင်တို့နှင့်အတူစုတ်ချက်တို့မှာကြမ်းလည်းကြမ်း ရမ်းလည်းရမ်း
ဗရမ်းဗတာဖြစ်လာတော့သည် ။
အမေ.......အားမာန်အပြည့်ဖြင့် မိသားစုလေးကိုထိမ်းကျောင်း ၊အကောင်းဆုံးအားမာန်တွေကိုပေးနိင်ခဲ့သူ ......
တိုက်ခိုက်ထိုးနှက်မှုအပေါင်းကိုအံတုရင်း
......စိတ်အားငယ်တတ်သောမောင်နှမများအတွက်
စံပြအကိုတစ်ယာက်အဖြစရဲရဲဝံ့ဝံ့ပြသနိင်ခဲ့သော ကောင်လေးတစ်ယာက်ရဲ့
လူမသိအောင်ကျခဲ့ရသောမျက်ရည်များ...................
ရဲ့ရင့်ခြင်း
၊ရှက်ရွံ့ခြင်း ၊နာကျင်ခြင်း၊ သိမ်ငယ်ခြင်း၊မာန ၊ဒေါသ
....အပေါင်းတို့ဖြင့် ဆေးရောင်အပေါင်းတို့သည် လည်း နီလိုက၊် ၀ါလိုက၊်
ပြာလိုက၊် စိမ်းလိုက်ဖြင့် လင်းလက်တောက်ပလာပြန်သည်။
နားလည်ရခက်သော၊
တဇွတ်ထိုးဆန်သော ၊
ကောင်လေးတစ်ယောက်ရဲ့ဘ၀အတွက်
အထီးကျန်ဆန်သော ဘ၀ကို ပထမဆုံးနားလည်ပေးခဲ့သော သူမအကြောင်းတွေးမိရင်း
ကျေနပ်ခြင်း
၊၀မ်းမြောက်ခြင်း ၊ကြည်နူးခြင်း အပေါင်းတို့ဖြင့် ဆေးရောင်တို့မှာ
အပြာနုရောင် ၊ပန်းနုရောင် ၊လိမ္မော်ရောင်များသို့ပြောင်းလဲ လာရုံသာမက
....စုတ်ချက်များမှာတစ်ဖြေးဖြေးနူးညံ့ကာ အနုစိတ်လာတော့သည် ။
လင်းလက်စွာပွင့်လန်းခဲ့သောပန်းပွင့်ချိုများ
သာယာစွာသီကြူးခဲ့မိသောနှလုံးသား၏သံစဉ်များနှင့်အတူ
ချိုမြိန်စွာဖြတ်သန်းခဲ့သောနံနက်ခင်းများကိုအမှတ်ရမိသည်........
DXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD
လေပြည်ညှင်းလည်းတိုက်ခတ်ဖို့မမျှော်လင့်ခဲ့သလို
နေခြည်နွေးနွေးလေးတွေကိုလည်းမတမ်းတမိခဲ့ဘူး
မင်း နဲ့ ESPRESSO တစ်ခွက်သာအနားမှာရှိခဲ့ရင်
ငါ့ အတွက်နံနက်ခင်းဆိုတဲ့အဓိပါယ်လေးဟာပြည့်စုံမှာပါချစ်သူရယ်........................XDXDXDXDXDXDXDXDXDDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX
ကင်းဗက်စလေးပေါ်မှာ မျှော်လင့်ခြင်းအပေါင်းတို့သည်
ခရမ်းရောင်အဖြစ်ပြောင်းလဲကာ စုတ်ချက်များအဖြစ် အသက်ဝင်လာခဲ့တော့ သည်......
ဖြူစင်လှသောသူငယ်ချင်းဘ၀၏
မေတ္တာတို့အားအရောင်ဆိုးမိသူအဖြစ် စွဲချက်အတင်ခံရကာ
ခင်မင်ရင်းနှီးခွင့်ပျောက်ဆုံးလို့ အကြီးမားဆုံးဆုံးရှုံးမှုအဖြစ်
အယုံကြည်ရဆုံး
အခင်မင်ရဆုံး
အလေးစားရဆုံး
တန်ဖိုးအထားရဆုံး
သူမကိုဆုံးရှုံးခဲ့ရတော့.......
ယူကျုံးမရဖြစ်မှု ၊ နှမြောတသမှု ၊၀မ်းနည်းကျေကွဲမှု ။
တဖန်ပြန်လည်အထီးဆန်းမှုတို့ကိုခံစားရင်း
ဆေးရောင်တို့မှာတစ်ဖန် ညစ်ထေးလို့ မှောင်မိုက်လာပြန်ပါတော့သည်......စုတ်ချက်တို့မှာလည်း ပြန်လည်၍ဗရမ်းဗတာ ဖြစ်လာရပြန်သည် ။
ကြက်သွေးရောင်၊ အညိုရောင် ၊မီးခိုးရောင် စသည်ဖြင့် အားရပါးရရေးခြစ်နေခဲ့မိသည်........
XDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD
ကြမ်းတမ်းလှသောဘ၀နှင့် နူးညံလှသောအချစ်
မျှော်လင့်ခြင်းကင်းသောမေတ္တာတရားနှင့် ပူလောင်သောတပ်မက်ခြင်း
ဖြူစင်သောပေးဆပ်ခြင်းနှင့် ပေစွန်းသော ချစ်ခြင်း
ပဋိပက္ခဆန်သော ပေါင်းစပ်မှုများ....
ပဟေဠိဆန်သော စိတ်၏သဘာဝ .......
ရှုပ်ထွေးလာသောစိတ်တို့နှင့်အတူ
ကင်းဗတ်စလေးပေါ်မှဆေးရောင်များ နှင့်စုတ်ချက်များသည်
ခက်ထန်ရာမှနူးညံ့ နူးညံ့ရာမှခက်ထန် ၊
လင်းလိုက်မှောင်လိုက် မှောင်လိုက်လင်းလိုက် ရင့်လိုက် ဖျော့လို့က်ဖြင့်
ရေးခြစ်ရင်း ..............
ရေးခြစ်ရင်း........
အသက်ရှုကျပ်လာသည် ....
အသက်ရှုသံများ ......... ပြင်းထန်လာသည်.....
......မြန်ဆန်လာသည် ....
ပေါက်ကွဲလုမတတ် .....
တင်းကျပ်လာသည် ........
မွန်းကျပ်မှုများ၏ အဆုံးစွန်သော အခြေအနေ ........
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDDXDXDXDX
အား................စိတ်ရှိလက်ရှိအော်ဟစ်လိုက်ရင်း.......
ဆေးခွက်များနှင့်စုတ်တံများကို လွှတ်ချလိုက်ရင်း..
ကြမ်းပြင်ထက်တွင်လှဲအိပ်ချလိုက်မိသည် ........
ခရီးအဝေးကြီးတစ်ခုကို အပြေးအလွှားသွားခဲ့သူတစ်ယောက်လို ....
မောပမ်းနွမ်းလျှလျက် ရင်ဘက်အစုံမှာ ဖားဖိုကဲ့သို့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည် .....
ရှိသမျှအားအင်များကုန်ခမ်းသွားသလိုခံစားရသည် ......
မျက်ဝန်းအစုံကိုတင်းတင်းကျပ်ကျပ်ပိတ်လိုက်မိသောအခါ မျက်ဝန်းအိမ်ထဲတွင် ပြည့်လျှံနေသော
မျက်ရည်အားလုံးတို့သည်.....ကြမ်းပြင်ထက်သို့ ရေပူစီးကြောင်းနှစ်ခုအဖြစ်စီးဆင်းသွားတော့သည် ။
နှုတ်မှတိုးတိုးလေးဆိုရွက်နေမိသည်ကား......
နင့်အပေါ်.....ငါအရိုးသားဆုံးထက်ရိုးသားခဲ့တာပါဟာ..............
မရိုးသားဘူးလို့မစွပ်စွဲလိုက်ပါနဲ့နော်.....
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD
မွန်းကျပ်မှုများ၏ ထွက်ပေါက် ခံစားမှုအပေါင်းတို့၏နားခိုရာဖြစ်သော ထိုကင်းဗတ်စလေးကို
ပန်းချီကားဟု အမည်တပ်ကာ နာမည်တစ်ခုပေးခဲ့သည် .........
Name :
EMOTION ........
Artist : nai nai့ကျွန်တော့်ပန်းချီကားလေး မပြီးဆုံးသေးပါ ...............ချစ်ခြင်း
၊ပျော်ရွှင်ကြည်နူးရခြင်း ၊ကျေနပ်ပီတိဖြစ်ရခြင်း အရောင်တို့အပေါ်
ညစ်ထေးမဲမှောင်သောအရောင်များနှင့်
တိုက်ခိုက်ပြိုင်ခြင်းအရောင်များကလွှမ်းမိုးထားခဲ့သော်လည်း
ကျွန်တော့ပန်းချီကားလေး ၏ နောက်ဆုံးစုတ်ချက်မှာ မျှော်လင့်ခြင်းအားလုံးကို ကိုယ်စားပြုသော
ခရမ်းရောင်ဖျော့ဖျော့ ဖြစ်နေသောကြောင့်ဖြစ်ပါသည်.........................
ကျွန်တော့်ပန်းချီကားလေးမပြည့်စုံသေးပါ .................ပျော်ရွှင်ခြင်း
၊၀မ်းနည်းခြင်း ၊ချစ်ခြင်း ၊လွမ်းခြင်း ၊ကြည်နူးခြင်း ၊ရဲရင့်ခြင်း
စသောခံစားချက်များ နှင့်အခြားသောခံစားချက်များကို ကိုယ်စားပြုသော
အရောင်များပါဝင်နေသော်လည်း.......
နာကြည်းမုန်းတီးခြင်းကိုကိုယ်စားပြုသော အရောင်တစ်ခု ပါဝင်နေခြင်းမရှိသေးပါ......
ထိုပန်းချီကားလေးကို ဆက်လက်ရေးဆွဲနေမည်ဖြစ်သော်လည်း
ထိုအရောင်တစ်ခုအားထာဝစဉ်ချန်လှပ်သွားမည်ဖြစ်ပါသည် ...........
(
သူငယ်ချင်းအားလုံးမိမိဘ၀ကိုစိတ်တိုင်းကျဆေးချယ်နိင်ကြပါစေ )