honesty is the best policy


without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး

Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး

Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး

Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

ဧည့်သည်တော်မှတ်တမ်း

Thursday, September 29, 2011

ဒီနေ့ တော့ မဟုတ်ဘူး


ဒီနေ့


ကျွန်တော်ပြုံးနေသည်





ကျွန်တော် ဂျိုကာပါ ။ကျွန်တော့်အလုပ်က လူတွေကိုပျော်အောင်လုပ်ရတဲ့အလုပ် ၊နာမည်ကြီး ဆပ်ကပ်အဖွဲ့တစ်ခုရဲ့ clown တစ်ယောက်ပေါ့ ။
ကျွန်တာ့်မှာခင်တွယ်စရာမိသားစုလေးတစ်ခုနဲ့ ရပ်ဝေးမှုာရောက်နေတဲ့ သံယောဇဉ်တွယ်စရာချစ်သူလေးတစ်ယောက်ရှိတယ်….


XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ငယ်ငယ်လေးထဲက ဘ၀မှာပျော်စရာရယ်လို့သိပ်မရှိခဲ့တဲ့ကျွန်တော်တစ်ခြားလူတွေကိုတော့ပျော်အောင်
လုပ်ပေးချင်ခဲ့တာ……
ကျွန်တော့်ကြောင့်လူတစ်ဦးတစ်ယောက် ပျော်သွားတယ်ဆိုရင် ကျွန်တော်ရင်ထဲမှာသိပ်ကျေနပ်တာ၊
ဒါ ကကျွန်တော့်စရိုက်လေ…….
ကျွန်တော်ဒီ clown ဆိုတဲ့နေရာကိုလွယ်လွယ်နဲ့ရခဲ့တာတော့မဟုတ်ဘူး၊clown ဆိုတာဆပ်ကပ်
တစ်ဖွဲ့လုံးရဲ့ အခရာလေ.. မရှိမဖြစ်ပေါ့ ။
ကျွန်တော့်ကိုမြေတောင်မြှောက်ပေးခဲ့တဲ့လူက ဒီအဖွဲ့မှာအသက်အကြီးဆုံး ဖြစ်တဲ့ ဦးကြာဖူးလေ။
အရင်က သူလည်းclown တစ်ယောက်ပဲလေ .. ကျွန်တော်နဲ့တွေတဲ့အချိန်မှာူဘာမှမလုပ်နိင်တော့လို့ အားလုံးရဲ့ ပစ်ပယ်ထားခြင်းခံထားရတဲ့အချိန် ၊ညစောင့်အလုပ်နဲ့ အဖွဲ့မှာကပ်နေရတဲ့သူလေ…
ဆင်းရဲစုတ်ပြတ်လွန်းလို့ ဘယ်သူကမှ အဖတ်မလုပ်တဲ့ ကျွန်တော်ဂရုဏာသက်ပြီး အမြဲအားပေးခဲ့တယ် ။

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

သူနဲ့ကျွန်တော်စကားတွေအများကြီးပြောဖြစ်ခဲ့တယ် ။ကလေးတစ်ယောက်သာဖြစ်တဲ့
ကျွန်တော့်ရဲ့မေးခွန်းတိုင်းကို တလေးတစားနဲ့ဖြေပေး၊ ဆွေးနွေးပေးရင်း နဲ့ ကျွန်တော့်ဘ၀ရဲ့သိမ်ငယ်မှုတွေကို ပြေပျောက်စေခဲ့တယ် ။ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်စေခဲ့
တယ် ။ အလိုမကျမှုတွေ၊ပတ်ဝန်းကျင်ရဲ့ ရိုက်ခက်မှုတွေကြောင့် ခက်ထန်ကြမ်းတမ်း တင်းမာနေတဲ့
ကျွန်တော့်မျက်နှာကို ပြုံးတတ်အောင်သင်ပေးခဲ့တယ် ……..

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

တစ်နေ့ ကျွန်တော့ဆန္ဒကိုပြောမိတယ် ….
လူတွေကိုပျော်အောင်လုပ်ပေးချင်တယ်ဗျာ ……
သူ က ရယ်တာပေါ့………
ပြီးတော့ပြောတယ် …”မင်းမျက်နှာကိုအရင်ပြင်” ရမယ် တဲ့…
သူများကိုပျော်စေချင်ရင် မင်းကိုယ်တိုင်ပျော်အောင်အရင်လုပ်ပါ ကလေးရယ်..
သူ့စကားလေးလေ….
ပြုံး ….. ပြုံး ….. ပြုံး လိုက်စမ်းပါကလေးရယ်……..

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ပြုံးတတ်အာင်စပြီးလေ့ကျင့်ရပါတော့တယ် …..

ဒီတော့မှ တကယ်တမ်းမလွယ်ကူမှန်းသိလာပါတော့တယ်
တုန့်ပြန်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာ သဘာဝတရားပါ ..
ဒါပေမယ့် ဒီ theory ကလူတွေအပေါ် အပြည့်အ၀သက်ရောက်မှုမရှိဘှူး
သဘာဝတရားကိုဆန့်ကျင်တတ် ၊ ခံစားချက်တွေကိုဟန်ဆောင်ဖုံးကွယ်တတ်တဲ့
သက်ရှိဟာ…..တစ်မျိုးတည်းရှိတယ် …အဲတာ လူပဲ…..
သူကတော့ သူခံစားချက်နဲ့သူပြောတာပဲ
ကျွန်တော်သိပ်ပြီးနားမလည်ခဲ့ဘူး ……
မင်းမျက်နှာလေးအမြဲတမ်းပြုံးနေချင်ရင် မျှော်လင့်ချက်ကင်းရမယ်..
မင်းပြုံုးပြတိုင်း သူတို့ကပြန်ပြီးပြုံးပြမယ်လို့မမျှော်လင့်ပါနဲ့ …..
ကျွန်တော်အမြဲပြုံးနိင်အောင်ကြိုးစားရင်း ဒီအရွယ်ရောက်ခဲ့ပြီ ။
သူလည်းမရှိတော့ဘူး …..

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

လောကကြီးကို ကိုယ်ထူကိုယ်ထ လျှောက်လှမ်းနေရင်း သူပြောခဲ့တဲ့စကားတွေကို သတိရမိတယ်….
ကျွန်တော် မေးဘူးတဲ့မေးခွန်းလေးတစ်ခုပေါ့ …
ဦးလေး …. စိတ်မှန်တဲ့လူ နဲ့ စိတ်မမှန်တဲ့လူ ဆိုတာ ဘယ်လိုလူတွေကိုပြောတာလည်း ဟင် ..
လူတစ်ယောက်ကသူ့အပေါ်ကောင်းရင် သူကပြန်ကောင်းတယ် ..
အဲဒီလူကပဲ သူ့အပေါ်မကောင်းတော့ဘူးဆို သူကလည်းပြန်မကောင်းတော့ဘူး .
သူ့စိတ်က ပုံမှန် တစ်သတ်မတ်တည်းရှိမနေဘူး ပတ်ဝန်းကျင်အခြေအနေတွေပေါ်မူတည်ပြီးပြောင်းလဲတတ်တယ် …
အဲတာ စိတ်မမှန်တဲ့လူရဲ့သဘာဝပဲ …..
အဲ စိတ်မှန်တဲ့လူဆိုတာက အဲတာတွေနဲ့ဆန့်ကျင်ဘက်ပဲလေ….
မင်းကငယ်သေးတော့အကုန်လုံးနားလည်ဦးမှာမဟုတ်သေးဘူး ။
ဒီတော့
မင်းလူတိုင်းကိုပြုံးပြနိင်အောင်ကြိုးစားပါ။
ဒါဆိုမင်းတစ်နေ့ ကောင်းကောင်းသဘောပေါက်လာလိမ့်မယ်…….

ပြုံး ….. ပြုံး ….. ပြုံး လိုက်စမ်းပါကလေးရယ်……..

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

မောင်…

မေ စေ့စပ်လိုက်ပြီ…
ပြီးခဲ့သမျှ အရာရာအားလုံးကို မေ့လိုက်ပါတော့
..ခွင့်လွှတ်ပါ…
. မေ ..
မည်ရွေ့မည်မျှခံစားရသည်ကို မပြောပြတတ်တော့ပါ။

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ယနေ့ညပွဲရှိသည်….
ကျွန်တော်ကြောင့် ပျော်ရွှင်ကြရမည့်လူများ…ကျွန်တော်ကိုစောင့်နေသည့်လူများရှိနေသေးသည်..
မကြာမီကျွန်တော့အလှည့်ရောက်တော့မည် ..

ဂျိုကာ……မင်းမေမေဆေးရုံတင်ရတယ်…..

ဖုန်းဝင်လာသည်……
ကံဆိုးမှုသည် အဖေါ်အပေါင်းနှင့်လာတတ်သည်ဟုလက်ခံလိုက်သည်။
ဘာလုပ်ရမလဲ
ကျွန်တော် ငိုချငိသည်….
သို့သော် ..မငိုတတ်ပါ…ပြုံးသာပြုံးတတ်ပါသည် ။
ထို့ကြောင့်ကျွန်တော် ပြုံးနေပါသည်။ အဘယ်ကြောင့် မျက်ဝန်းများစိုစွတ်နေကြောင်းကို
ကျွန်တော်မသိပါ …..။ ။ ။

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD


ယနေ့ထိကျွန်တော်ပြုံးနေဆဲဖြစ်သည်..….

တစ်ချို့ ပြန်လည်ပြုံးပြကြ၏ ။
တစ်ချို့ မမြင်ချင်ယောင်ဆောင်သွားကြ၏ ။
တစ်ချို့မျက်နှာမဲ့သွားကြ၏ ။

XDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

မည်သို့ဆိုစေ ………
ထိုသူများအားလုံး ကို နောက်တစ်ကြိမ် ထပ်တွေ့လျှင် ပြုံးပြဖို့ ၀န်လေးမည်မဟုတ်ပါ ။ကျွန်တော်စိတ်မှန်သူဖြစ်ချင်ပါ သည် ။ ထိုကြောင့် ကျွန်တော်
ပြုံး …. ပြုံး ….. ပြုံး …..နေပါ သည် ။ ။ ။


သူငယ်ချင်းများအားလုံး အမြဲ ပြုံးနေ နိင်ကြပါစေ …….. nainai 14
januaryboy14@gmail.com

EMOTION




အသက်ဝင်နေသည် .............
ကင်းဗက်အဖြူတစ်စပေါ်တွင် ဆေးရောင်များ ၊တစ်လွှာပြီးတစ်လွှာ
တစ်ထပ်ပြီးတစ်ထပ် ရောစပ်လို့အသက်ဝင်နေကြသည် ။
လှုပ်ရှားနေသောစိတ်တို့၏ အစဉ်အတိုင်း
လက်တို့ကအလိုအလျှောက် ရွေးလျားနေခြင်းဖြစ်သည် ။
ဘာမှလည်းမမြင် ဘာမှလည်းမကြားစိတ်အာရုံအပေါင်းတို့သည်
ဆေးရောင်စုံတို့နှင့်တစ်သားတည်း နစ်မြုတ်နေကြသည် ။
တင်းကျပ်လွန်းသောစိတ်တို့ကိုဖွင့်ထုတ်ဖေါက်ခွဲရင်း
ခပ်ရင့်ရင့်အရောင်တို့ပေစွန်းနေသော
စုတ်တံတို့ဖြင့် ခပ်ကြမ်းကြမ်း ရေးခြစ်မိနေသည် ။
ခံစားချက်တို့၏အနိမ့်အမြင့်အတိုင်း စုတ်ချက်တို့မှာလည်း
ကြမ်းလိုက်နုလိုက် နုလိုက်ကြမ်းလိုက်ဖြင့် လည်းကောင်း ၊
ကျဲလိုက်စိပ်လိုက် စိပ်လိုက်ကျဲလိုက်ဖြင့်လည်းကောင်း
ကင်းဗက်စပေါ်သို့တစ်မျိုးပြီးတစ်မျိုး
တစ်ရောင်ပြီးရောင်ပြီးတစ်ရောင် ။
ခံစားချက်အတိုင်းဖေါ်ကြူးရေးခြစ်နေမိတော့သည်။
တပါးသူတို့၏အိမ်အနောက်တွင်
အဖီဆွယ်နေခဲ့ရသောတဲအိမ်သေးသေးလေးထဲမှ မိသားစုဘ၀ ....
မြေနိမ့်ရာလှံစိုက်တတ်သော လူမဆန်သောလူတို့အကြောင်း ....
စိတ်ထဲမတွေးပဲဝင်လာခဲ့သောအခါ
သွေးတို့ဆူပွက်လာရင်း နှင့် မှိုင်းညစ် ညစ်
ဆေးရောင်တို့နှင့်အတူစုတ်ချက်တို့မှာကြမ်းလည်းကြမ်း ရမ်းလည်းရမ်း
ဗရမ်းဗတာဖြစ်လာတော့သည် ။

အမေ.......
အားမာန်အပြည့်ဖြင့် မိသားစုလေးကိုထိမ်းကျောင်း ၊အကောင်းဆုံးအားမာန်တွေကိုပေးနိင်ခဲ့သူ ......
တိုက်ခိုက်ထိုးနှက်မှုအပေါင်းကိုအံတုရင်း ......စိတ်အားငယ်တတ်သောမောင်နှမများအတွက် စံပြအကိုတစ်ယာက်အဖြစရဲရဲဝံ့ဝံ့ပြသနိင်ခဲ့သော ကောင်လေးတစ်ယာက်ရဲ့ လူမသိအောင်ကျခဲ့ရသောမျက်ရည်များ...................
ရဲ့ရင့်ခြင်း ၊ရှက်ရွံ့ခြင်း ၊နာကျင်ခြင်း၊ သိမ်ငယ်ခြင်း၊မာန ၊ဒေါသ ....အပေါင်းတို့ဖြင့် ဆေးရောင်အပေါင်းတို့သည် လည်း နီလိုက၊် ၀ါလိုက၊် ပြာလိုက၊် စိမ်းလိုက်ဖြင့် လင်းလက်တောက်ပလာပြန်သည်။
နားလည်ရခက်သော၊
တဇွတ်ထိုးဆန်သော ၊
ကောင်လေးတစ်ယောက်ရဲ့ဘ၀အတွက်
အထီးကျန်ဆန်သော ဘ၀ကို ပထမဆုံးနားလည်ပေးခဲ့သော သူမအကြောင်းတွေးမိရင်း
ကျေနပ်ခြင်း ၊၀မ်းမြောက်ခြင်း ၊ကြည်နူးခြင်း အပေါင်းတို့ဖြင့် ဆေးရောင်တို့မှာ အပြာနုရောင် ၊ပန်းနုရောင် ၊လိမ္မော်ရောင်များသို့ပြောင်းလဲ လာရုံသာမက ....စုတ်ချက်များမှာတစ်ဖြေးဖြေးနူးညံ့ကာ အနုစိတ်လာတော့သည် ။
လင်းလက်စွာပွင့်လန်းခဲ့သောပန်းပွင့်ချိုများ
သာယာစွာသီကြူးခဲ့မိသောနှလုံးသား၏သံစဉ်များနှင့်အတူ
ချိုမြိန်စွာဖြတ်သန်းခဲ့သောနံနက်ခင်းများကိုအမှတ်ရမိသည်........

DXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

လေပြည်ညှင်းလည်းတိုက်ခတ်ဖို့မမျှော်လင့်ခဲ့သလို
နေခြည်နွေးနွေးလေးတွေကိုလည်းမတမ်းတမိခဲ့ဘူး
မင်း နဲ့ ESPRESSO တစ်ခွက်သာအနားမှာရှိခဲ့ရင်
ငါ့ အတွက်နံနက်ခင်းဆိုတဲ့အဓိပါယ်လေးဟာပြည့်စုံမှာပါချစ်သူရယ်........................


XDXDXDXDXDXDXDXDXDDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX

ကင်းဗက်စလေးပေါ်မှာ မျှော်လင့်ခြင်းအပေါင်းတို့သည်
ခရမ်းရောင်အဖြစ်ပြောင်းလဲကာ စုတ်ချက်များအဖြစ် အသက်ဝင်လာခဲ့တော့ သည်......
ဖြူစင်လှသောသူငယ်ချင်းဘ၀၏ မေတ္တာတို့အားအရောင်ဆိုးမိသူအဖြစ် စွဲချက်အတင်ခံရကာ ခင်မင်ရင်းနှီးခွင့်ပျောက်ဆုံးလို့ အကြီးမားဆုံးဆုံးရှုံးမှုအဖြစ်
အယုံကြည်ရဆုံး
အခင်မင်ရဆုံး
အလေးစားရဆုံး
တန်ဖိုးအထားရဆုံး
သူမကိုဆုံးရှုံးခဲ့ရတော့.......
ယူကျုံးမရဖြစ်မှု ၊ နှမြောတသမှု ၊၀မ်းနည်းကျေကွဲမှု ။
တဖန်ပြန်လည်အထီးဆန်းမှုတို့ကိုခံစားရင်း
ဆေးရောင်တို့မှာတစ်ဖန် ညစ်ထေးလို့ မှောင်မိုက်လာပြန်ပါတော့သည်......စုတ်ချက်တို့မှာလည်း ပြန်လည်၍ဗရမ်းဗတာ ဖြစ်လာရပြန်သည် ။
ကြက်သွေးရောင်၊ အညိုရောင် ၊မီးခိုးရောင် စသည်ဖြင့် အားရပါးရရေးခြစ်နေခဲ့မိသည်........

XDXDDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD


ကြမ်းတမ်းလှသောဘ၀နှင့် နူးညံလှသောအချစ်
မျှော်လင့်ခြင်းကင်းသောမေတ္တာတရားနှင့် ပူလောင်သောတပ်မက်ခြင်း
ဖြူစင်သောပေးဆပ်ခြင်းနှင့် ပေစွန်းသော ချစ်ခြင်း
ပဋိပက္ခဆန်သော ပေါင်းစပ်မှုများ....
ပဟေဠိဆန်သော စိတ်၏သဘာဝ .......

ရှုပ်ထွေးလာသောစိတ်တို့နှင့်အတူ
ကင်းဗတ်စလေးပေါ်မှဆေးရောင်များ နှင့်စုတ်ချက်များသည်
ခက်ထန်ရာမှနူးညံ့ နူးညံ့ရာမှခက်ထန် ၊
လင်းလိုက်မှောင်လိုက် မှောင်လိုက်လင်းလိုက် ရင့်လိုက် ဖျော့လို့က်ဖြင့်

ရေးခြစ်ရင်း ..............

ရေးခြစ်ရင်း........

အသက်ရှုကျပ်လာသည် ....

အသက်ရှုသံများ ......... ပြင်းထန်လာသည်.....

......မြန်ဆန်လာသည် ....

ပေါက်ကွဲလုမတတ် .....
တင်းကျပ်လာသည် ........

မွန်းကျပ်မှုများ၏ အဆုံးစွန်သော အခြေအနေ ........

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDDXDXDXDXDDXDXDXDX

အား................

စိတ်ရှိလက်ရှိအော်ဟစ်လိုက်ရင်း.......
ဆေးခွက်များနှင့်စုတ်တံများကို လွှတ်ချလိုက်ရင်း..
ကြမ်းပြင်ထက်တွင်လှဲအိပ်ချလိုက်မိသည် ........
ခရီးအဝေးကြီးတစ်ခုကို အပြေးအလွှားသွားခဲ့သူတစ်ယောက်လို ....
မောပမ်းနွမ်းလျှလျက် ရင်ဘက်အစုံမှာ ဖားဖိုကဲ့သို့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည် .....
ရှိသမျှအားအင်များကုန်ခမ်းသွားသလိုခံစားရသည် ......
မျက်ဝန်းအစုံကိုတင်းတင်းကျပ်ကျပ်ပိတ်လိုက်မိသောအခါ မျက်ဝန်းအိမ်ထဲတွင် ပြည့်လျှံနေသော
မျက်ရည်အားလုံးတို့သည်.....ကြမ်းပြင်ထက်သို့ ရေပူစီးကြောင်းနှစ်ခုအဖြစ်စီးဆင်းသွားတော့သည် ။
နှုတ်မှတိုးတိုးလေးဆိုရွက်နေမိသည်ကား......
နင့်အပေါ်.....ငါအရိုးသားဆုံးထက်ရိုးသားခဲ့တာပါဟာ..............
မရိုးသားဘူးလို့မစွပ်စွဲလိုက်ပါနဲ့နော်.....
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

မွန်းကျပ်မှုများ၏ ထွက်ပေါက် ခံစားမှုအပေါင်းတို့၏နားခိုရာဖြစ်သော ထိုကင်းဗတ်စလေးကို
ပန်းချီကားဟု အမည်တပ်ကာ နာမည်တစ်ခုပေးခဲ့သည် .........








Name : EMOTION ........
Artist : nai nai
့ကျွန်တော့်ပန်းချီကားလေး မပြီးဆုံးသေးပါ ...............
ချစ်ခြင်း ၊ပျော်ရွှင်ကြည်နူးရခြင်း ၊ကျေနပ်ပီတိဖြစ်ရခြင်း အရောင်တို့အပေါ် ညစ်ထေးမဲမှောင်သောအရောင်များနှင့် တိုက်ခိုက်ပြိုင်ခြင်းအရောင်များကလွှမ်းမိုးထားခဲ့သော်လည်း
ကျွန်တော့ပန်းချီကားလေး ၏ နောက်ဆုံးစုတ်ချက်မှာ မျှော်လင့်ခြင်းအားလုံးကို ကိုယ်စားပြုသော
ခရမ်းရောင်ဖျော့ဖျော့ ဖြစ်နေသောကြောင့်ဖြစ်ပါသည်.........................


ကျွန်တော့်ပန်းချီကားလေးမပြည့်စုံသေးပါ .................
ပျော်ရွှင်ခြင်း ၊၀မ်းနည်းခြင်း ၊ချစ်ခြင်း ၊လွမ်းခြင်း ၊ကြည်နူးခြင်း ၊ရဲရင့်ခြင်း စသောခံစားချက်များ နှင့်အခြားသောခံစားချက်များကို ကိုယ်စားပြုသော အရောင်များပါဝင်နေသော်လည်း.......
နာကြည်းမုန်းတီးခြင်းကိုကိုယ်စားပြုသော အရောင်တစ်ခု ပါဝင်နေခြင်းမရှိသေးပါ......
ထိုပန်းချီကားလေးကို ဆက်လက်ရေးဆွဲနေမည်ဖြစ်သော်လည်း
ထိုအရောင်တစ်ခုအားထာဝစဉ်ချန်လှပ်သွားမည်ဖြစ်ပါသည် ...........

(သူငယ်ချင်းအားလုံးမိမိဘ၀ကိုစိတ်တိုင်းကျဆေးချယ်နိင်ကြပါစေ )

လေလွင့်သူရဲ့အိပ်မက်





ကန်ထဲမှာ ရေပြည့်နေသည်၊
သာသာယာယာ ရှိပါသည်၊
ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်၊
ကြာပန်းများလည်း ခူးကြမည်။


စာသင်ကျောင်းမှ စာဆိုသံများညီညာစွာလွင့်ပျံလာသည်။
ဒီအသံတွေကြားရတိုင်း ကြက်သီမွေးညင်းများထလာသည်အထိခံစားရသည် ။

ကလင်ကလင် ...ကလင် ကလင် ...

ဟော ...

  ကျောင်းဆင်းပြီ ......

အပြေးအလွှားထွက်လာကြသော ကျွန်တော်နှင့်ရွယ်တူ ကောင်လေးကောင်မလေးများ ၊
စောင့်ကြိုနေကြသော ကျောင်းသားမိဘများ ... စသည် စသည် .. တို့သည်
ကျွန်တော့အတွက် နှစ်ခြိုက်မက်မောစွာစောင့်ကြည့်ရသော
အစီအစဉ်တစ်ခုဖြစ်လေသည် ။

 သား  ...
               "ဒီနေ့ကျောင်းမှာ ဘာတွေသင်လိုက်လဲ  "

ကျွန်တော် သင်ခဲ့သမျှကို မေမေ့ကို အကုန်ရွတ်ဆိုပြရင်း အိမ်ပြန်လာခဲ့သည် ။
အိမ်မှာ ဖေဖေ ရောက်နှင့်နေပြီ ....

                  " ဒီသားအမိတွေဘာတွေများပြော လာကြတာလဲ ? "

 ( ကျွန်တော့်စိတ်ကူးသက်သက်မျှသာဖြစ်ပါသည်  )

ကျွန်တော့်မှာ ခေါ်စရာ အမေ/အဖေ  မရှိသလို တော်စရာ ဆွေမျိုးလည်းမရှိပါ ။
အရပ်၏စောင်မကြည့်ရှု့မှုကြောင့် အခုထိ အသက်ရှင်နေခြင်းဖြစ်သည် ။
အသက်ရှင်နေသည်ဆိုရုံမျှ သာ ဖြစ်ပါသည် ။

ကျွန်တော့်အသက်ကို ( ၁၃ ) နှစ်ရှိပြီဟုပြောသည်
။ကျွန်တော်နှင့်ရွယ်တူကောင်လေးများတွေ့သော်လည်း သူတို့နှင့်
ကစားခွင့်မရှိ ။ငေးကြည့်ရုံသာတတ်နိင်ပါသည် ။

         XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD


အမေ ...
  ခေါ်ခွင့်ရချင်တယ် ....
  ဘယ်လောက်ပဲပေးဆပ်ရ ပေးဆပ်ရပါ ....
အဖေ ...
 မျှော်ခွင့်ရချင်တယ်  ......
 ဘယ်လောက်ပဲစောင့်စောင့်ရ ပါ  .....
အမေ
      ကျွေးတဲ့လက်နဲ့ ထမင်းစားချင်တယ်
      အဆိပ်ပဲဖြစ်ပါစေ ...
အဖေ
    ညွှန်တဲ့လမ်း ဘယ်လောက်ပဲကြမ်းကြမ်း
    သားလျှောက်ပါ့မယ်  .....

တစ်ခါလောက်ခေါ်ခွင့်ရရင် သား သေပျော်ပါပြီ ....


                 XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ိအိမ်တစ်ကာ့ အိမ်တွင်သောခွေးတို့သည်ပင်လျှင်  အိမ်ရှင်တို့၏ ယုယမှုကို ခံရသေးသည် ။
ကျွန်တော့်ဘ၀တွင် ထိုအရာတို့က အိပ်မက်မျှသာဖြစ်သည် ။
 ဤကမ္ဘာမြေကြီးသည် ကျွန်တော့အတွက် အကောင်းဆုံးအိပ်ယာဖြစ်သည် ။
ညစ်ပတ်ပေရေသော အ၀တ်အထည် ၊ကြေးညော်အထပ်ထပ်၊မသပ်ရပ်သောခန္ဒာကိုယ်ကြောင့်
ထိုးဟောင်သောခွေးတို့သည်သာ .ကျွန်တော့ကို အဖက်လုပ်သူများဖြစ်သည် ။

ဒါတွေကို ကျွန်တော်ဂရုမစိုက်ပါ ..
ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေသည် မှာ ဖေဖေ နှင့်မေမေ သာ ဖြစ်သည် ။
မြင်ဖူးချင် သည် ...
တွေ့ဖူးချင်သည် ...
ခေါ်ကြည့်ချင်သည်  ...

                 XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ဟေ့ကောင် ....
   မင်းမဖတ်တတ်ပါဘူးကွာ ...
ပေး  ....
 ငါဖတ်ပြမယ်   .........



ကန်ထဲမှာ ရေပြည့်နေသည်၊
သာသာယာယာ ရှိပါသည်၊
ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်၊
ကြာပန်းများလည်း ခူးကြမည်။


ကောင်လေးနှစ်ယောက်နှင်က စာရွက်ပိုင်းတစ်ခု ..
ပျင်းခြောက်ခြောက်နိင်လှသော ညနေခင်းတစ်ခုမှာ
အပြန်အလှန် အသံပြုနေကြခြင်းဖြစ်ပါသည် ။

ကျွန်တော် ထိုင်နေသော သစ်ပင် ခွဆုံကြီးပေါ်မှ အားလုံးကြားနေရသည် ။
အချိန်ကာလဆိုသော အရာရှိ၏ အမိန့်နှင့် အတူ
တာဝန်ချိန်ကုန်ဆုံးတော့မည့်  နေလုံး ကြီး သည်
ကျွန်တော်အား နှုတ်ဆက်ရင် တစ်ဖြေးဖြေး
ထွက်ခွာချိန် ....
အရာအားလုံးသည်  ညင်းသွေ့သွေ့ လေပြေ  နှင့် အရောင် တောက်တောက် နေရောင်
အောက်တွင်  လှချင်တိုင်းလှနေသည် ။

ခုနက ကောင်လေး နှစ်ယောက်တော့မရှိတော့ ..
စာရွက်ပိုင်းလေး ကတော့ကျန်ရစ်ခဲ့ သည်  ...

စာရွက်ပိုင်းလေးကို ကျွန်တော့
 လက်ဖြင့်ကောက်ယူလိုက်မိသည် ...

ပုံ လေးတစ်ပုံ ....
အက္ခရာလေးများ ....

အက္ခရာများကို နားမလည်သော်လည်း ...
ပုံ.... ၏် ဆိုလိုချက်ကို နားလည်သည် ..

လှေတစ်စီး ...
လူသုံးယောက်
ကြာပန်းများခူးနေကြသည် ....

အော်.....


ခုနက သူတို့ ဆိုနေသော် စာများသည် အပြင်လောကမှာ တစ်ကယ် ရှိတာတွေကို ရေးထား
တာပါလား ....

       XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ရေတွေပြည့်နေတဲ့ ကန်ကြီးတစ်ခုထဲ မှာ
ဖေဖေ ကလှေကို လှော် ....
မေမေ က ရှေ့မှာ  ထိုင် ပြီး
အလယ် မှာ
ကျွန်တော်က  ကြာပန်းတွေခူးနေသည်  ...

ပါးစပ်မှ လည်း စာတွေ ဆိုနေ သည် ...



ကန်ထဲမှာ ရေပြည့်နေသည်၊
သာသာယာယာ ရှိပါသည်၊
ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်၊
ကြာပန်းများလည်း ခူးကြမည်။



             XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

အိပ်မက်လား တကယ်လားမသိပါ ...
ဘာပဲဖြစ်ဖြစ်ပျော်တယ် .....
အိပ်မက်ဆိုလည်း မနိုး ချင်တော့ဘူး ..
ဒီဆုတောင်းလေးပြည့်ပါရစေ နော် ....

....................................................

တိုးတိုးလေး .....







မေမေ !.... သား တိုးတိုးလေး ... ပေါက်ပါရစေ နော် .... တကယ်တိုးတိုးလေးပါ .....!




အချစ်ဆိုတာ နဲ့ နှာချေ ချင်တာက တော်တော်လေး ... ထိမ်းချုပ်ဖို့ ခက်တယ်လို့ လူတွေပြေုာပြောနေကြတယ် .....
တကယ်လည်း ခက်ပါတယ် ။ ဟန်ဆောင်ထားရင်လည်းရုပ်ပျက်ဆင်းပျက် ပဲလေ ... ဒီတော့လူတွေက ဟန်မဆောင်ကြတော့ပဲ
စမတ်ကျ ကျ ( နှာချေ ) ကြပါတော့တယ် ... ။

နှာ ချေတဲ့အခါ လက်ကိုင်ပ၀ါလေး နဲ့ပဲဖြစ်ဖြစ် လူကင်းတဲ့နေရာလေးကို လွှဲလို့ပဲဖြစ်ဖြစ် ချေနိင်ရင် လူတော်အဖြစ် သတ်မှတ်ပါတယ် ။
အဲ ... လေလည်တဲ့အခါမျိုးမှာတော့ စမတ်ကျကျ လေလည် နိင်တဲ့လူဆိုတာ ရှားပါတယ် ... တိတ်တိတ်လေး ခိုးပြီး လေလည်ကြတယ်လေ ...

နှာချေ တာနဲ့တူတဲ့ အချစ်မျိုး ကြတော့ ... ထိမ်းချုပ်ရတာ ပြတ်ပြတ်သား သား ရှိတယ်လို့ထင်ပါတယ် ......
လေလည်တာနဲ့တူတဲ့ အချစ်မျိုး ကြတော့ ကသိကအောင့်ဖြစ်ရပါတယ် .....

ဒါမျိုးတွေက သူငယ်ချင်းတွေကြားမှာ ဖြစ်တတ်တာမျိုး ပါ ။ ပြေုာလည်းပြောချင်တယ် ... စိတ်ဆိုြး့ပီး ... သံယောဇဉ်ဖြတ်သွားမှာလည်းကြောက်တယ် ။အဲဒီတော့ပေါက်တော့ပေါက် မသိစေနဲ့ဆိုတဲ့ ငယ်ငယ်က ပုံပြင်လေးလိုပါပဲ .... :)

....................................................................................................................................


ခဲမှန်ဖူး တဲ့ စာသူငယ်လိုပဲ ..... ငါ အရမ်း ကြောက်တယ် ...
နောက်တစ်ခါ ... သူငယ်ချင်းဘ၀လေး ဆုံးရှုံးရမှာ အရမ်း လန့်နေမိတယ် ...
နင် စိတ်မဆိုးပါနဲ့နော် ......
ငါခံယူထားတဲ့ ရိုးသားမှု နဲ့ နင်သိထားတဲ့ ရိုးသားမှု မှာ
ကွာ ဟချက်လေး က 972 cm ( 1500 - 528 ) ရှိနေပါတယ် ။
အဲဒါကို ငါရှင်းမပြနိင်ခဲ့တာ ... ဘာကြောင့်ဆိုတာ နင် တစ်နေ့သိမှာပါ ....

မေမေ .... သား အီ အီးပေါက်ချင်တယ် ........

သူငယ်ချင်းတစ်ယောက်ကို ချစ်မိတဲ့ လူတစ်ယောက်ရဲ့စိတ်ကို မရိုးသားတဲ့စိတ်အဖြစ်သတ်မှတ်ကြတဲ့ လူပေါင်း သန်း ခြောက်ထောင်ထဲမှာ နင်မပါစေဖို့ ငါဆုတောင်းနေခဲ့ဖူး ရဲ့ ....

စိတ်ထဲမှာ ရှိတာကို ပွင့်ပွင့်လင်းလင်းမပြော ပဲ မြုံထားတတ်တဲ့လူမျိုး ရဲ့ စိတ်ကို မှ မရိုးသားတဲ့စိတ်အဖြစ်သတ်မှတ်တတ်တဲ့ လူပေါင်းသန်းခြောက်ထောင်မှာ မပါတဲ့ ... လူတစ်ယောက်ရဲ့စိတ်ကို လည်း နင်သဘောပေါက် နားလည်ပေးနိင်ခဲ့ရင်ကောင်းမှာပဲလို့လည်း
တွေး နေခဲ့ဘူး ရဲ့ .......

မပေါက် ပါနဲ့သားရယ် ကြောင်ကြီး ကြားသွား ပါဦးမယ် ...

အချစ်ဆိုတာကို အခုမှ စပြီး သိတတ်ခဲ့ရတဲ့လူတစ်ယောက်ရဲ့ ခံစား ချက်ဆိုတာကို ...ဘယ်လိုသီအိုရီတွေနဲ့ ချပြတိုင်းတာပြလို့ရမလဲလို့
အိုင်းစတိုင်းကို ခေါ်ပြီး ညစာကျွေးရင်းမေးလိုက်ချင်ရဲ့ ......

ခိုးခိုး ပြီး ချစ်ခဲ့ရတဲ့ နင့်ကို ... အထီးကျန်ဆန်ဆန် နေတတ်လွန်း တဲ့ ousider ငါ့ အတွက် အခုတော့ သူခိုးလူမိသလို ပြေးစရာ မြေ မရှိ သလို .... ပုန်း စရာ နေရာ လည်း တော်တော်လေး ရှားပါးလွန်းလို့ ကမ္ဘာအပြင်ဘက်မှာ ထွက်ရပ်စရာ ခြေတစ်ဖ၀ါးစာ နေရာသာရှိရင်
ခြေတစ်ချောင်းတည်းနဲ့ရပ်ရင်း အသက်ရှင်လိုက်ချင်ရဲ့ ......

မရတော့ ဘူး မေမေ သား အရမ်း ပေါက်ချင်နေပြီ

အချစ်နဲ့ နှာ ချေတာ ... ဟန်ဆောင်ထားရသိပ်ခက်တယ်ဆိုတဲ့ စကား မှန်ကောင်းမှန်ပါလိမ့်မယ် မေမေ ...

ဟန်မဆောင်တတ်တာကို ရိုး သားမှုတစ်ခုအဖြစ် ဂုဏ်ယူတတ်ခဲ့တဲ့ ကျွန်တော် လူတွေနဲ့ ဆက်ဆံရတာ
တစ်ခါတစ်လေ လိပ်ကို အုန်းပင်တက်ခိုင်းသလို ကိုးရိုးကားယား နိင်ပေမယ့် နေတတ်ခဲ့ပါ တယ် .....

သားရယ်ပေါက်ရင်လည်း တိုးတိုးလေးပေါက်ပါနော် ...ကြောင်ကြှီးကြားသွားပါဦးမယ် ......



ကျွန်တော့် နေထိုင်မှုပုံစံနဲ့ ... ခိုင်မာတဲ့ ယုံကြည်ချက်အတိုင်း ....သူမကို ဖွင့်ပြောဖြစ်ခဲ့တာပေါ့ ....
ဒါဟာ ကျွန်တော် ခံယူထားတဲ့ ရိုးသားမှုလေ .......



XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD



( ဟပ်ချိုး ..... ) ကျွန်တော် အဲဒီနေ့ နှာချေ ခဲ့ မိတယ် ....

သူမရဲ့ မျက်နှာတည့်တည့် ကြှီးကို ..... စမတ် မကျ ပဲ ကိုးယိုးကားယား နှာချေမိခဲ့တဲ့နေ့ပေါ့ ....

...............................................................................................



ဘူ ....!!!!!!!.

ဂွမ်း ...!!!!!!!



XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD


စဉ့်အိုးကြီးကွဲသွားတယ်လေ သား ရဲ့
ဒါနဲ့ ကြောင်ကြီး လည်း လန့်ပြီး ပြေးသွားလေရဲ့ .....

..........................................................................


နင် က ငါ့အပေါ်မှ မရိုးသား တာ ... နင်နဲ့ အဆက်အသွယ် လုပ်ဖို့ကို ငါ စဉ်းစား ရလိမ့်မယ် ...
ဒါဟာ သူမ ခံယူထားတဲ့ ရိုးသားမှုပါ .........


XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD


ပန်းဆိုတာကို မခူးပဲထားမှ လှတာကို သိပေမယ့် .....
သူများဦးသွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့
အတ္တကြီးခွင့်ရခဲ့တဲ့ ခဏ ...
အဲဒီခဏ လေးပဲ ကျေနပ်ခွင့်ရခဲ့ တာပါ ..........
ခိုး ပြီး နမ်းမိခဲ့ရုံလေးပါ ......
သေဒဏ်ထိုက်ခဲ့ရော့ သလား ဟင် ......


XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD


သေချာသိလိုက်တာတစ်ခုက တော့

အချစ်ဆိုတာ ... နောင်တခါးခါးတွေကို တစ်ရှိုက်မက်မက်စားသုံးစေနိင်တဲ့ တွန်းအားတစ်ခု
ဆိုတာကိုပေါ့ ................

အခုကျွန်တော့် အတ္တကို ကျွန်တော် ...ဆန့်ကျင်ရဲနေပါပြီ မေမေ ...

ကြောင် ကြီး ထွက်ပြေးသွားမှာကို မလိုလားပါဘူး .....

တိတ်တိတ်လေး ရိုးသားပါ့မယ် .....
သူကျွန်တော့် နားပြေးထွက်မသွားအောင် အခွင့်အရေးလေး တစ်ခုတော့ပေးပါ နော်....



ဒီတစ်ခါ နှာမချေတော့ပါဘူး ....

မေမေ !.... သား တိုးတိုးလေး ... ပေါက်ပါရစေ နော် .... တကယ်တိုးတိုးလေးပါ .....!

......................................X ...................................



သူငယ်ချင်းအားလုံး တိုးတိုးလေး လေလည်နိင်ကြပါစေနော် .... ခင် တဲ့ nai ... :)

ခင်ရာဆွေမျို;



မနက် စောစော နိုးနေသော်လည်း
(၆)နာရီလောက် မှ အိပ်ယာမှထဖြစ်သည် ။ အသက် နည်းနည်ရလာတော့
ခန္ဓာကိုယ် ငယ်ငယ်တုန်းကလို စိတ်သွားတိုင်းကိုယ်မပါနိင်တော့ ။
သားသမီးတွေမျက်နှာကို ကြည့်မနေချင်လို့ ဇနီးမောင်နှံ (၂ )
အေးအေးဆေးဆေး နေခဲ့တာ အခုဆို ရှစ်နှစ်နီးပါး တောင်ရှိခဲ့ ပြီ ။
အခုလည်းစောစောပိုင်း ဘုရားဝတ်ပြုပြီး နည်းနည်း ချူချာသော ဇနီးသည် အတွက်
ဆေးမသောက်ခင်စားရန် လက်ဖက်ရည် လာဝယ်ခြင်းဖြစ်သည် ။
.................................................................

အဘိုးကို ဘက်ဖက်ရည် ပါဆယ် ( ၁ )ခွက် နဲ့ အီကြာကွေး (၁)ချောင်းပေးပါ ။
ဟုတ်ကဲ့ အဖိုး
.....................................................

ဒီဆိုင်လေး ဖွင့်တာမကြာသေး ပေမယ့် ဆိုင်ရှင် အညာသားလင်မယား ၏ဆက်ဆံရေးကောင်းမွန်မှုကြောင့် တစ်ခြားဆိုင်တွေထက်စာရင် လူ ၀င်မျာှး၏ ။
စားပွဲထိုးလေးများမှာလည်း အညာမှသူတို့ ဆွေရိပ် မျိုးရိပ်မကင်းသူများဖြစ်ကြပြီး
ရိုးသားပွင့်လင်းလှသူများဖြစ်ကြသည် ။
လက်ဖက်ရည်ဆိုင်လေးကိုကြည့်ပြီး သူတို့မိသားစုဆွေမျိုး ၏စည်းလုံးမှုကို အားကျရင်း
အတွေးများ သည် လွန်ခဲ့သော ရှစ်နှစ်တာကာလသို့ စဉ်းစားမိနေတော့သည် ။
...................................................................

အော် အဖေ… ဘယ်က ၀င်လာတာလဲ
အေးကွာ မင်း အမေကို တရားစခန်းလိုက်ပို့ပြီး လမ်းကြုံတာနဲ့ ၀င်လာတာ။
ဘယ်လိုလဲ မင်းတို့ မိသားစု အဆင်ပြေကြရဲ့လား ။
ဒီလိုပါပဲ အဖေ ရယ် လုံးခြာလည်လိုက်နေတာပါပဲ ။
ကျွန်တော်အခုပဲ အပြင်သွားစရာရှိ့ အဖေ့ မြေး တွေနဲ့ နေခဲ့ဦးနော် ။
ကျွန်တော်သွားပြီ….
..............................................................

တစ်ဦးတည်းသောသားမို့ အိမ်ထောင်ကျတာနဲ့ မျက်နှာမငယ်ရအောင်
လင်မယား ၂ ယောက်လုံး ရှိ အိုစာ၊မင်းစာဖယ်ထားတဲ့ စု မဲ့စု အတွင်းပစ္စည်း လေးတွေထုခြွဲ့ပီး အိမ်တစ်လုံး
ဖျစ်ဖျစ် မည်အောင်ဝယ်ပေးပြီး လက်ဖွဲ့ ခဲ့ သည် ။
ကုမ္မဏီတစ်ခု၏ GM ဖြစ်သော သားမှာ မိသားစုသိုက်သိုက်ဝန်းဝန်းဖြင့် အဆင်ပြေလှ၏ ။
သို့သော် ဘယ်သောအခါမှ အဆင်ပြေသည် ပြောသံမကြားရ
မယားဖြစ်သူကတော့ ရွှေတွဲလဲ ငွေတွဲလဲ …
သားအချစ် မြေးအနှစ် ဆိုသည့် စကား ကား .. မှန်လှ၏ ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ သားမှ မွေးသော မြေး ဆဲလဲလေးများကို တွေ့ရရင်ဖြင့် အမောပြေ လှ၏ ။
အခုလည်း ရောက်တော့ ချွေးမနှင့် မြေး (၃) ယောက် ထမင်း ၀ိုင်းဖွဲ့စားနေသည် ။
ကိုယ်တိုင်လည်း ဗိုက်ဆာလှချေပြီ ။မနက်တည်းက ဇနီးဖြစ်သူ၏ အထုပ်အပိုး တွေကို
ကူညီပေးရင်း မနက်စာ ဘာမှ မချက်ရသေး ။ အိမ်ရောက်ရင်လည်း စားစရာဘာမှ ရှိဦးမည်မဟုတ် ။
...................................................

ချွေးမလေးက ….
အဖေ …
တစ်ခါထဲဝင်စားလိုက်ပါလား ။
ဟင့်အင်း ရပါတယ် ….. စား စား အဖေ သိပ်မဆာသေးပါဘူး ။
.......................................................

ဆာနေသော်လည်း အားနာလှသည် ။
ပါးစပ်မှငြင်းနေသော်လည်း ကိုယ်လုံးက ထိုင်ခုံမှ ကြွသွားသည် ။ထို့ကြောင့် ထိုင်ခုံမထရမလို ထိုင်ရမလို နှင့် ကုန်းကုန်းကွကွ ဖြစ်နေရင်းမှ ပြန်ထိုင်ဖြစ်သွားသည် ။
ချွေးမလေးက
ဒီမှာ အဖေကြိုက်တဲ့ သရက်သီးသနပ် ပါတယ် အဖေ
တစ်ခါတည်း ၀င်စားပါလား
နောက်တစ်ခါထပ်ခေါ်သည် ..
ဒီတစ်ခါတော့ အပီ တုပ်မည် ရည်ရွယ်ပြီးအထ
မြေးအကြီးမက…..
အဖိုး မစားရင်လည်း ငြိမ်ငြိမ်ထိုင်နေ
ကုန်းကုန်းကွကွမလုပ်နဲ့
ဒီးဒီး က မျက်စိနောက်လာရင် တကယ်ကိုက်တယ်နော်
.............................................................
ဒီးဒီးဆိုသည်မှာ သူတို့အိမ်ပေါ်မှာမွေးထားသော ခွေးကလေးဖြစ်သည်။
ဗိုက်ဆာသော်လည်း ခွေးကိုက်မှာစိုးသောကြောင့် တံထွေးမျိုချရင်း ငြိမ်နေလိုက်ရသည် ။
အတန်ကြာ …
ထမင်းစားပြီးတော့ အချိုတည်းရန် ငှက်ပျောသီးတွေ ယူချလာသည်။
သီးမွှေးသီးမို့ မွှေးလှသည် ။အနံ့ကနှာဝကို ကလိနေသည် ။
အင်း …
၂ လုံး ၃ လုံးလောက် တီးလိုက်ရင် အဆာပြေ မှာပါ ။ ထမင်းမစားရလည်း ကိစ္စမရှိပါဘူး ။
..........................................

ထိုစဉ်
ချွေးမလေးက
အဖေ……..
ခြံထွက်ငှက်ပျောလေ အဖေရဲ့
တော်တော်လေးချိုတယ် ။
လူ မှန်ရင် …. တစ်လုံးနဲ့ ၀တယ် အဖေရဲ့
စားနော် ….
အော် အေးအေး


....................................................

တစ်လုံးထက်ပိုစားလျှင် လူ့ဘ၀မှ ပြောင်းကာ
တစ်ခုခု ဖြစ်သွားနိင်သောကြောင့် ……
တိတိကျကျပြောရလျှင် တစ်ခြားသောဘ၀တွေထက် လူ့ ဘ၀ကို ပိုမိုမက်မောသောကြောင့်
တစ်လုံးထဲ နှင့် ကျေနပ်လိုက်ရသည် ။
လူက ဗိုက်က ဆာဆာ
လိုဘ က မပြည့်
စိတ် ရှုပ်ရှုပ် နှင့် ရှေ့မှ ကွမ်းအစ်ကို လှမ်းဆွဲက
ကွမ်းရွက် ၂ ရွက်ထပ်ကာ ထုံးသုတ်မယ် အလုပ် …
.....................................................


မြေးအကြီးမလေးက…..
သူ့ အမေကို
မေမေရေ .. ဖိုးဖိုးကြီးလေ ..
ကွမ်းရွက်( ၂ )ရွက်ထပ်ပြီး စားနေတယ် …
ထိုအခါ အိမ်နောက်တွင် ပန်းကန်ဆေးနေသော ချွေးမက ….
ဟဲ့ ဘာတွေပေါက်ကရလာပြောနေတာလဲ
ကွမ်းရွက် ကို (၂)ရွက်ထပ်စားရအောင် နင့် အဖိုးက
နွားမှ မဟုတ်တာ …..
အဲ …
လူ့ဘ၀ရဖို့ နောက်တစ်ခါ ကြိုး စားခဲ့ရပြန် သည် ။
……………………………………………………………………………………………
အဖိုး …
အဖိုး …
………………………………………………………………………
လက်ကိုလာ ပြီးတို့ သော
စားပွဲထိုးလေးကြောင့် ပစ္စုပန် နှင့် ပြန်လည်အဆက်အသွယ်ရလာခဲ့သည် ။
……………………………………………
အော်
အေး
အေး
…………………………
ဟေ့
ကလေး
မင်းကို ငါပေးတာ အီကြာကွေး (၁)ချောင်းဖိုးလေ ကွာ
ဒီမှာ ( ၂)ချောင်းတောင်ဖြစ်နေတယ် ။
ဟုတ်တယ်အဖိုးရဲ့
တစ်ချောင်းက အိမ်က အဖွားအတွက် အပိုထည့်ပေးလိုက်တာပါ …

...........................................................


ဆိုင်ရှင် မိန်းကလေး ၀င်ပြောခြင်းဖြစ်ပါသည် ။
အော် မဟုတ်တာကွယ်
အဖိုးတို့က (၂)ယောက်ပေါင်းမှ ဒီတစ်ချောင်းကုန်တာပါ။
အများကြီး မစားနိင်ပါဘူး ကွယ် ။
ကျေးဇူးတင်ပါတယ် ။
အဖိုး ဒီမှာ ပြန်ထားလိုက်ပြီနော် ။
အော် ဒါဆိုလည်း နေပါဦး အဖိုးရယ် ခဏ …
မောင်လေးရေ … အဖွားအတွက် ပေါ့ဆိမ့်ပါဆယ်လေး မြန်မြန် ဖျော်လိုက်ပါကွယ် ။
အဖိုးရယ် ဒါကိုတော့ မငြင်းပါနဲ့နော်
မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး တဲ့ စကားရှိပါတယ်

သမီးတို့ ဒီမှာနေတာမကြာပေမယ့် ရပ်ဆွေရပ်မျိုးလို့ သဘောထားပေးပါ နော် ။
သမီး ဒါနလေးပြုချင်လို့ပါ ။…..
...........................................................
သာဓု ကွယ် သာဓု သာဓု ……
အိမ်သို့ရောက်ပြီးလျှင် ..
အင်း ငါ့သားလေးသာ…
ဒီ့ ထက် နည်းနည်းလောက်ပိုပြီးသိတတ်ခဲ့ ရင် ကောင်းမှာပဲ ။
(လောဘ စိတ် ဖြင့် တွေးကာ မျက်ရည်ဝဲ မိခဲ့ သည် ။)









*သူငယ်ချင်းလေးများ ....
မိဘကျေးဇူး ဆပ်ဖူးစေချင် ၊သိဆင်ခြင်ဖို့
စေတနာထား ၊မေတ္တာပွားလို့
တိုက်တွန်းအပ်သည် ၊ လူကောင်းလူတော်
ဖြစ်စေသော် .... *** nainai

အလှစစ်





စိတ်ညစ်တယ်.....
အခုတစ်လောတော်တော့ကိုစိတ်ညစ်နေတယ်....ဘာပဲဝတ်ဝတ်သီပြီးဝတ်နေရတယ်..
ချုပ်ထားတဲ့အင်္ကျီတွေ၊ထဘီစကပ်တွေဝတ်ကာနီးကိုပြန်ပြန်သီပြီးဝတ်နေရတယ်...
ထို့အကြောင်းကြောင့်
ကျွန်မ....စိတ်ညစ်နေပါသည်....
 
အစာစားချိန်မမှန်လို့အစာအိပ်ဖြစ်တာရယ်တုပ်ကွေးမိတာရယ်ကြောင့်နှစ်ပတ်လောက်ဖျားပြီး
ကျွန်မတော်တော်ပိန်ကျသွားတယ်။
ဒါကြောင့်ဘာဝတ်ဝတ်ဒုက္ခတွေ့နေရတာပေါ့။အခုတစ်လော
အပြင်သွားဖို့ကိုတတ်နိုင်သလောက်ရှောင်တယ်...အလှပြင်ချင်စိတ်လည်းလုံးဝကိုကုန်ခမ်းနေပြီ
ကျွန်မကိုတွေ့ရင် နှစ်ခါသုံးခါပြန်ပြန်ငေးနေရတဲ့ကောင်လေးတွေတောင် ကျွန်မကိုလုံးဝမကြည့်ကြတော့ဘူးလေ..
( ကျွန်လည်းမိန်းကလေးတစ်ယောက်မို့နားလည်ပေးကြပါနော်......)
 
မှန်ကြည့်ရမှာလည်းကြောက်နေတယ်
မှန်ထဲမှာပေါ်လာတဲ့လူမမာမျက်နှာနဲ့ခပ်ပိန်ပိန်ကောင်မလေးကကျွန်မမဟုတ်ဘူးဆိုတာ အမှန်တရားတစ်ခုလို့ကျွန်မလက်ခံချင်တယ်......
သူငယ်ချင်းတို့ရယ်.......အခုမျက်နှာဟာငါမဟုတ်ဘူးဆိုတာ
ငါ့ဘက်ကနေပြီးဝိုင်းငြင်းပေးကြပါလို့...
စိတ်ထဲမှာအကြိမ်ကြိမ်အော်ဟစ်လို့ငိုယိုမိခဲ့ပါတယ်.......
 
တကယ်တော့ကျွန်မကအလှအပကိုမက်မောတဲ့(20)နှစ်ပြည့်ပြီးကာစ
ခယ်ငယ်ငယ်ကောင်မလေးတစ်ယောက်ပေါ့......
မြန်မာဝတ်စုံနဲ့တော်တော်လေးလိုက်ဖက်တဲ့ကိုယ်လုံးကိုယ်ပေါက်လေးနဲ့
ထူထဲတဲ့မျက်ခုံးရယ်နှာတံစင်းစင်းလေးတွေရယ်ပေါင်းလို့လူတကာကငေးရတဲ  ကောင်မလေးတစ်ယောက်ပါ......
အခုနေမကောင်းလို့ပိန်ကျသွားတဲ့အချိန်.....အရင်ကပုံစံနဲ့ ဆီ နဲ့ ရေ လို ကွာခြားသွားလိုက်တာ.....
ကိုယ့်ဘာသာကိုယ်ပြောင်းလဲသွားတာစိတ်မညစ်ပေမယ့်
ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကဆက်ဆံရေးတွေကြောင့်စိတ်ညစ်သွားတယ်ဆိုမှန်ပါလိမ့်မယ်။
အရင်ကကားစီးရင်အမြဲထိုင်ခုံရတယ်။ကောင်လေးတွေကဖယ်ပေးတာလေ..အဟိ....
 
'အခုလည်းထိုင်ခုံနေရာဦးစားတာကိုခံရတာပါပဲဒါပေမယ့်ကြည်နူးစရာမကောင်းတော့ဘူးလေ.....
သူတို့ကလူမမာရုပ်နဲ့မို့သနားလို့ဖယ်ပေးကြတာပါ။
ကျွန်မကိုသနားတဲ့မျက်လုံးတွေနဲ့ကြည့်တာသိပ်မုန်းတာပဲရှင်......
ဒါပေမယ့်ကျွန်မကိုယ်တိုင်ကသနားစရာရုပ်ပေါက်နေတာကိုး....
 
ဒီလိုနဲ့ကျွန်မပညာဒါနစာသင်နေတဲ့ဘုန်းကြီးကျောင်းကိုရောက်လာပါတော့တယ်..
 ဘုန်းကြီးကျောင်းဆိုလို့ပြောရဦးမယ်
ကျွန်မက
အိမ်နားကဘုန်းကြီးကျောင်းတစ်ခုမှာသူငယ်တန်းကနေ လေးတန်းအထိ
စာပြပေးတဲ့စေတနာဆရာမအလုပ်ကိုညပိုင်းလုပ်ပါတယ်။
အဓိကကနေ့ခင်းပိုင်းစာသင်ထားပြီးသိပ်နားမလည်တဲ့ကလေးတွေကိုပြန်ပြီး ရှင်းပြပေးရတာနဲ့စာတွေကျက်မကျက်ကိုစစ်ဆေးပေးရတာပါပဲ.....ကျောင်းအိပ်ကျောင်းစားကလေးတွေလေ အရမ်းပဲချို့တဲ့လို့ကျွန်မကသူတို့လေးတွေ ပညာရေးအတွက်တတ်နိုင်သလောက်ကူညီပေးတာပါ....
ပထမဆုံးကျောင်းတိုင်ဘုန်းဘုန်းကိုသွားပြီးကန်တော့ပါတယ်။
 
" ဘုန်းဘုန်းက"
"အေးအေးနေကောင်းသွားပြီးဆိုတော့ပြန်စကြတာပေါ့ကွယ်
ခန္ဓာရှိတဲ့သတ္တဝါတိုင်းမှာဒီကိစ္စမျိုးဆိုတာကြုံရစမြဲပါဆရာမလေးရယ်..
ကဲကဲကျောင်းသားတွေလည်းစောင့်နေပြီ....သွားတော့..သွားတော့."
 
တင်ပါ့ဘုရား......

ဆရာတော့ဆီကအပြန်....ကျောင်းခန်းထဲအဝင်......
"မင်္ဂလာပါဆရာမ."........
 
ကျွန်မရင်ထဲငြိမ်းအေးသွားလိုက်တာ.......ကလေးတွေရဲ့စိတ်မှာသူတို့ဆရာမကသူတို့ဆရာမပါပဲ.......
နေကောင်းတာမကောင်းတာသူတို့မသိဘူး......
ပိန်တာဝတာသူတို့မသိဘူး.....
သူတို့သိတာကသူတို့စာသင်ပေးတဲ့ဆရာမတစ်ယောက်ရှိတယ်
စာမရရင်ရိုက်မယ်
စာတော်ရင်စာအုပ်ထဲမှာ ( GOOD )ပေးမယ်.....ဒီလောက်ပါပဲ.....
ဒီလောက်လေးပါပဲ......
ကျွန်မလေးလေးနက်နက်ဆင်ခြင်မိပါပြီ......
ရုပ်အလှတရားဟာပြောင်းလဲတတ်တဲ့လောကတရားနဲ့ကံစိတ်ဥတုအဟာရတွေကြောင့်ပျက်စီးသွားနိုင်ပေမယ့်
စိတ်ထဲမှာရှိတဲ့စိတ်အလှတရားကတော့အသက်မသေသည်အထိတည်မြဲသွားနိုင်တယ်ဆိုတာကိုပေါ့...
ကျွန်မအလှစစ်ကိုရှာဖွေတွေ့ရှိခဲ့ပါပြီ..ဒီ့ထက်လှဖို့အမြဲကြိုးစားသွားပါတော့မယ်ရှင်.......
 
........................................................................................................
သူငယ်ချင်းအားလုံးအလှစစ်ကိုရှာဖွေတွေ့ရှိနိုင်ပါစေ....
ခင်တဲ့......(နိုင်)

ထမင်းဝိုင်းလေး





 
ဖြတ်....ကနဲမည်းမှောင်သွားတာနဲ့အတူ......
တစ်ရပ်ကွက်လုံးရဲ့တစ်ခွန်းတည်းသောအာမေဋိတ်သံဟာ
တူညီစွာတစ်ခွန်းတည်း...........
(ဟာ) ကနဲထွက်ပေါ်လာလေရဲ့......

အဲဒီနောက်မတော့...
ညီမလေးရဲ့ငိုသံကနောက်ဆက်တွဲ
(ဗြဲ)ကနည်းကြားလိုက်ရတယ်လေ။     

အသံကြားကြားချင်းစားပွဲဝိုင်းလေးပေါ်ကထမင်းပန်းကန်ကိုပေါင်ပေါ်တင်ရင်းလက်နဲ့အုပ်ထားမိလိုက်တယ်။
ဘာကြောင့်ဆိုတာတွေးကြည့်လိုက်တာနဲ့သိပါရဲ့။ဖယောင်းတိုင်မီးထပြီးထွန်းတဲ့
မမအိရဲ့လက်ကလည်း..လျှက်စီးလက်သလိုအငယ်ကောင်ရဲ့ခေါင်းပေါ်အရောက်
တတိယကာရံအနေနဲ့
(အီး...ဟီး)ဆိုတဲ့
ဝက်ဆိုးထိုးသံကြားလိုက်ရပြန်ရော.....        

သေချာသပေါ့..အငယ်ကောင်ကမီးပျက်တုန်းအငယ်မပန်းကန်ထဲက
ဟင်းတုံးကိုနှိုက်စားလိုက်လို့လေ...
.....
 
တစ်နေ့ကုန်ဈေးလည်ရောင်းတဲ့မေမေ အိမ်အပြန်ကအမြဲနောက်ကျတော့
ကျွန်တော်တို့ရဲ့ညစာလည်း နောက်ကျတာက သဘာဝတစ်ခုလိုဖြစ်လို့နေပါပြီ။
 
အကြီးဆုံးမခြောက်တန်းကျောင်းသူအရွယ်သာရှိပြီး
၂နှစ်ကြီး၂နှစ်ငယ်ကလေးလေးယောက်ရှိတဲ့မေမေဟာ
အချိန်တန်အရက်သောက်ပြီးမိသားစုနဲ့မိန်းမကိုသာ
မူးယစ်ရမ်းကားတတ်တဲ့ဂုဏ်ယူစရာယောက်ျားတစ်ယောက်ကိုလ
 
အခုလည်းမေမေဈေးသွားဝယ်တုန်းမောင်နှမလေးယောက်
ရဲ့တစ်ဗြစ်တောက်တောက်ထမင်းစားဝိုင်းလေးမှီးမှောင်ပေမယ့်
သံယောဇဉ်အလင်းနဲ့ထမင်းမြိန်ဆဲပါပဲ။
 
 
 
ဟင်းစားလောဘကြီးတဲ့အငယ်ကောင်ကလစ်ရင်လစ်သလိုသူများဟင်းကိုနှိုက်စားတတ်တာအကျင့်လေ.........
 
(နင်တို့နော်တစ်ယောက်တစ်တုံးပဲ.......ထပ်ယူချင်ရင်အရည်ပဲရမယ်.).
 
........မေမေရဲ့အမှာစကားလေ..
သားသမီးကိုဆုံးမဖို့အချိန်မရတဲ့မေမေက
သူတတ်နိုင်သလောက်တော့စည်းကမ်းကြပ်မတ်ပေးပါတယ်။အဲဒီစည်းကမ်းတွေကိုအဓိကပုံဖေါ်ရတာကကျွန်တော်နဲ့မမအိပေါ့။
အခုလည်းအငယ်ကောင်ကိုဆုပြီးခေါင်းခေါက်ပြီး。。。。。。。。。。。
 
''ညီမလေးရယ်မငိုနဲ့နော်..တိတ်တိတ်..
မမဟင်းတုံးယူစားလိုက်နော်..ရော.
မေကြီးကအပြင်သွားနေတာညီမလေးငိုရင်မေကြီးခလုပ်တိုက်လိမ့်မယ်နော်...တိတ်တိတ်......''
 
'' ဟိုဂျီကောင်..နင်လည်းတိတ်...အားအားရှိငိုမနေနဲ့
ကလေးတွေငိုရင်.......မေကြီးဈေးရောင်းမကောင်းပဲနေလိမ့်မယ်........
တိတ်ဆိုတိတ်............တော့...''

ကျွန်တော်လည်းဆူချင်ပေမယ့်ဒီနေ့ထမင်းစားကောင်းတာဒီကောင့်ကြောင့်မို့
ကျွန်တော်ဒီတစ်ရက်တော့နှုတ်ဆိတ်နေလိုက်တယ်။ဒီကောင်နေ့လည်ကလည်းတစ်ခါငိုပြီးပြီ။
ဒီကောင်လေ..မေမေကဝယ်ခိုင်းတဲ့ဧည့်မထ ဆန်မဝယ်ပဲ
ပေါ်ဆန်းမွှေးတွေဝယ်ချလာလို့.....လေ.....

ဆန်ဟောင်း
。。。ဆန်သစ် ဈေးကအတူတူကို သူစားချင်တာ ဝယ်ချလာတာကောင်းရောဗျာ.......

အခုမှ(၂)တန်းတက်ကာစပေမယ့်ဈေးသည်သားသမီးမို့
အိမ်ကအငယ်ဆုံးမလေးကလွဲရင်ကလေးအားလုံးဈေးဝယ်ကျင်လည်ကြတယ်။

သူကတော့မပီကလာနဲ့ပြောရှာပါတယ်..
သား..........မစားဘူးလို့
ပြီးတော့ဟိုဘက်အိမ်ကထက်ထက်တို့ကပေါ်ဆန်းမွှေးနေတိုင်းစားတာ
၊သူကပြောတယ်နင်တို့မစားဖူးဘူးမဟုတ်လားဆိုလို့...ဝယ်လာတာ..
အခုစားဖူးအောင်လို့...
………………………………………………………….
 
အခုလည်းကျွန်တော် လေဆိပ်ကိုလာကာနီး
မီးပျက်သွားတော့....
 
သတိရလိုက်တာ..ကျွန်တော့်အမကို...........
 
ကျွန်တော်တို့မောင်နှမလေးတွေရဲ့ထမင်းဝိုင်းမှာကွက်လပ်တစ်ခုလွတ်လို့နေတယ်။
အမက  ပီနန်းက စက်ရုံတစ်ခုမှာ အလုပ်သမအဖြစ်တာဝန်ယူလုပ်ကိုင်နေလေရဲ့။
လိုအပ်လာတဲ့မိသားစုရဲ့ငွေကြေးအခက်အခဲတွေကြောင့်အိမ်နဲ့ဝေးတဲ့နေရာမှာသွားပြီး
လုပ်လုပ်ရပေမယ့်မိသားစုအပေါ်ထားတဲ့သူ့ရဲ့
သံယောဇဉ်တွေကိုရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးခံစားရနေဆဲပါ။သူကဘယ်တော့
မှာအဝေးကြီးမှာရှိမနေပဲကျွန်တော်တို့စိတ်ထဲမှာအမြဲရှိနေဆဲပါ။ အမကိုလိုက်ပို့တော့
အငယ်ကောင်ကခွင့်မရလို့အငယ်မကလည်းမနေ့ကအိုဗာတိုင်းဆင်းထားလို့နွမ်းနယ်နေလို့နဲ့
လူမစုံတက်မစုံပါပဲ............

-'မောင်လေးတွေညီမလေးတွေကိုဂရုစိုက်နော်.......'

မသွားခင်မှာပြောခဲ့တဲ့စကားလေ............

အခုသွားပြီး(၁)နှစ်အကြာမှာတော့..

-'ပျော်စရာဆိုတာဝေလာဝေး...'

-'အလုပ်ကပြန်လာရင်အခန်းတံခါးပိတ်အိပ်တော့ပဲ...'


-''အပြင်သွားရင်လည်းတစ်ယောက်သွားရင်မလုံခြုံဘူး''

-''အိမ်ကိုပိုက်ဆံပို့နိုင်တယ်ဆိုတာလည်းချွေချွေတာတာစားပြီးပို့ရတာ''

-'' ဒီလိုပဲနှစ်ပြည့်အောင်လုပ်နေရဦးမှာပဲ''

-''အမေ့ကိုဂရုစိုက်''
 
。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。
 
ဖုန်းထဲကကြားနေရတဲ့ကျွန်တော့်အမရဲ့အသံဟာ
ကိုယ်ပန်းပေမယ့်စိတ်မနွမ်းအမြဲလန်းဆန်းနေဆဲပါ..
တကယ်တော့အိမ်ရဲ့မပြေလည်တဲ့စီးပွားရေးအတွက်အားတင်းထားတယ်ဆိုတာ
သားအကြီးဖြစ်ပြီးအိမ်ရဲ့စီးပွားရေးကိုရှေ့တန်းကတာဝန်ယူဖြေရှင်းပေးနေရတဲ့
ကျွန်တော်ကောင်းကောင်းနားလည်တာပေါ့။
ဒါပေမယ့်ဗျာ...........ဒါပေမယ့်...........
 
。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。。

သူငယ်ချင်းတွေဆိုရင်လည်းဘယ်သူ့ကြည့်ကြည့်ဟိုသွားမယ်
ဒီသွားမယ်နဲ့.........အားလုံးကအဝေးကိုသွားဖို့ပြင်နေကြတယ်လေ။
 

သူတို့ကိုမေးကြည့်တော့ '' ဒီမှာနေလို့ဘာမှဖြစ်လာမှမဟုတ်ဘူး '' တဲ့လေ။
ကျွန်တော်တို့လူငယ်တွေရဲ့လိုအပ်ချက်တွေအိပ်မက်တွေကို
အမိမြေကမပေးနိုင်ဘူးတဲ့လား..........         

ဖြစ်ချင်တာတွေဖြစ်ဖို့ပြည်ပသွားနေကြတဲ့သူတွေရှိသလို
ဖြစ်ချင်တာဖြစ်ဆိုပြီးမျက်စိကိုဇွတ်မှိတ်ပြီးသွားနေကြတဲ့သူငယ်ချင်းတွေလည်းဒုနဲ့ဒေးပါ............
အကြွေးစနစ်နဲ့သွားပြီးကြက်ဥကြော်၊ခေါက်ဆွဲပြုတ်စားပြီးခေါင်းပုံဖြတ်ခံနေကြ
ရတဲ့သူငယ်ချင်းတွေ....အိမ်ကအကြွေးမကြေသရွေ့……………………………………..
 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
အလုပ်ပြီးရင်
အခန်းတံခါးသော့ပိတ်…………တိတ်တိတ်လေးနေရတဲ့အလုပ်သမတွေအများကြီးထဲ
ကျွန်တော့်သူငယ်ချင်းတွေပါနေခဲ့ပြီလား....

ထမင်းစားချိန်ခါတိုင်းလိုလူမစုံလိုသားရယ်၊သမီးရယ်တပြီးလွမ်းနေကြရတဲ့
မိသားစုလက်မစုံထမင်းဝိုင်းတွေဘယ်လောက်ထိတိုးလာနေဦးမှာလဲ..

မိသားစုအတွက်တစ်ကိုယ်တော်တိုက်ပွဲဝင်နေကြရတဲ့သူရဲကောင်းတွေဘယ်လောက်
အထိများအရေအတွက်တွေတိုးလာဦးမှာလဲ 
??????????????????????????????????

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
အရင်ခေတ်ကမိသားစုတစ်ခုမှာတစ်ဦးတစ်ယောက်အလုပ်လုပ်ရင်ပဲ
အားလုံးအေးအေးဆေးဆေးစားသောက်နိုင်ပါရဲ့။
အဲဒီအချိန်ကတည်းကရုန်းကန်ခဲ့ရတဲ့ကျွန်တော်တို့မိသားစုဟာ
အခု。。。。。。。。。。。。。。。。
မိသားစုအားလုံးအလုပ်လုပ်တာတောင်ကြွေးတင်ပြီးထမင်းစားဖို့အနိုင်နိုင်ဖြစ်နေတဲ့
လူတန်းစားတွေနဲ့ ၂ဝ၁ဝမှာ   ခေတ်မှီစွာပဲရင်ဘောင်တန်းနိုင်ခဲ့ပါပြီ။

သူ့ဒုက္ခကိုယ်မကယ်နိုင်ကိုယ့်ဒုက္ခသူမကယ်နိုင်တဲ့ဆင်းရဲသားလူတန်းစားအတွက်
အလင်းရောင်ပေးတဲ့ထွက်ပေါက်တစ်ခုကတော့.......
.အကြွေးစနစ်နဲ့မလေးရှားသွားတာပါပဲ...........
ယောင်ဝါးဝါး မျှော်လင့်ချက်တွေနဲ့ကျွန်တော်တို့မိသားစုတွေရဲ့
အနာဂါတ်တွေဟာ......ရပ်ကွက်အခေါ်ပွဲစား......
သူတို့အခေါ်....အေးဂျင့်တွေရဲ့ပါးစပ်ထဲမှာ.....မစားရဝခမန်း.......
ခပ်ရေးရေးတောက်ပနေလေရဲ့............

နေမကောင်းဖြစ်နေတဲ့ ကျား ဒူးလေးထပ်မှန်သလို.....
ချည်ပြီးတုပ်ပြီးချောင်ပိတ်ရိုက်တဲ့ကူညီမှုအမည်တပ်
အကျိုးအမြတ်ကိုရှေးရှု့တဲခြုံတွေထဲကို..
ထွင်တဲ့လူအလိုကျ ယုန် ဘဝခဏရောက်ပေးရပြန်တယ်........
 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
ကျွန်တော့်     မေမေခေတ်မှီခဲ့ပါတယ်..........
 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
" သားရယ်ဒီလိုလုပ်မှအမေတို့အကြွေးတွေကျေနိင်မှာမို့ပါ။
သုံးနှစ်လောက်တော့ရင်းလိုက်ပါသားရယ်။နောက်တော့
သားကြိုက်တဲ့အလုပ်ပြောင်းပေါ့နော်........သားကလိမ္မာပါတယ်
 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
ကျွန်တော်ကအမြဲလိမ္မာဖြစ်ခဲ့သည်ပဲလေ...
 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
ရန်ကုန်လေဆိပ်ရဲ့....(ပြည်ပထွက်ခွာ)ထိုင်ခုံပေါ်ထိုင်လို့မကြာခင်မှာ
အခြေအနေအရကွက်လပ်တစ်နေရာလွတ်သွားမယ့်ထမင်းဝိုင်းလေးကိုလွမ်းရင်း.............................

...................................................................

သူငယ်ချင်းတို့ရဲ့ထမင်းဝိုင်းလေး တွေ အမြန်ဆုံးကွက်လပ်ပြည့်ပါစေ......
ဆုတောင်းလျှက်..............ခင်တဲ့.................(နိုင်)